နေပြည်တော် ဇန်နဝါရီ ၇
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်
ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်းမစ္စတာ တိုနီဘလဲအားယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ
ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထို့သို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ
ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်
သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးကိုကိုနိုင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

No comments:
Post a Comment