နေပြည်တော် ၊ ဇန်နဝါရီ- ၁၁
ဇန်နဝါရီ ၁၂ ရက်တွင်
ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးသည် NCA လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံအတွက်
သမိုင်းသစ် တစ်ခု၊ နိုင်ငံရေးဆွေးနွေးပွဲအတွက် ခြေလှမ်းသစ်တစ်ရပ် စတင်ခြင်းဖြစ်ပြီး
ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု အပြည့်အဝမျှော်လင့်ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေးနှင့်
တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက် ပေးနိုင်မည့် ညီလာခံကြီးအဖြစ် ယုံကြည်ပါ
ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲ
၂ နာရီခွဲတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ ရေးရာအထူးကိုယ်စားလှယ်
H.E. Mr. Sun Guoxiang အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
တွေ့ဆုံပွဲသို့
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး
စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
ငြိမ်းချမ်းရေးသည် နိုင်ငံ၏ အဓိကလိုအပ်ချက်တစ်ခု ဖြစ်ကြောင်း၊ NCA လက်မှတ်ရေးထိုးခြင်းသည်
တိုင်းပြည်ထာဝရငြိမ်းချမ်းရေးအတွက် စာချုပ် ချုပ်ဆိုခြင်းဖြစ်ကြောင်း၊ သာမန် ပစ်ခတ်မှု
ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးခြင်း မဟုတ်ဘဲ ယခင်လက်မှတ် ရေးထိုးခဲ့သည့် ပစ်ခတ်ရပ်စဲမှုစာချုပ်ပါ
အချက်အလက်များနှင့်လည်း ကွဲလွဲခြင်း ကြောင့် ကျန်ရှိနေသည့် အဖွဲ့များအနေဖြင့် NCA ကို
လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးမှသာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများမှ
တစ်ဆင့် မိမိတို့၏ လိုအပ်ချက်များကို ဆွေးနွေးမှု၊ တောင်းဆိုမှုများပြုလုပ်ရမည် ဖြစ်ကြောင်း၊
NCA လက်မှတ်ရေးထိုး မှသာ ယင်းအခွင့်အရေးများ မဆုံးရှုံး မှာဖြစ်၍ ထပ်ခါထပ်ခါမေတ္တာရပ်ခံနေခြင်းဖြစ်ကြောင်း၊
တပ်မတော်ရပ်တည်ချက် သည်လည်း ပြောင်းလဲမည်မဟုတ်သဖြင့် ဥပဒေနှင့်အညီ လုပ်ဆောင်ရန် တိုက်တွန်း
လိုကြောင်း၊ ထာဝရငြိမ်းချမ်းရေး ရရှိခြင်းဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံ
များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အပြည့်အဝ ဆောင်ရွက်နိုင်ခြင်းကြောင့် အကျိုးကျေးဇူးများ
ပိုမိုဖြစ်ထွန်းနိုင်ကြောင်း ဆွေးနွေးပြောကြားသည်။
ဧည့်သည်တော်က တရုတ်နိုင်ငံအစိုးရနှင့်
တပ်မတော်အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ထူးခြားသည့်ဆက်ဆံရေးအား
အလေးထားပါကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေး မူဝါဒများဖြစ်သည့် မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်
ပိုင်နက်နယ်မြေ တည်မြဲရေးကို ထောက်ခံပါ ကြောင်း၊ ပြည်ပမှဝင်ရောက်စွက်ဖက်မှုများကို ဆန့်ကျင်၍
မြန်မာနိုင်ငံနှင့်ကိုက်ညီ သည့်လမ်းကြောင်း ရွေးချယ်မှုကို ထောက်ခံကြောင်း၊ အမြန်ဆုံး
ငြိမ်းချမ်းရေး ရရှိခြင်းဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက်
အကျိုး ပြုခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ကောင်းမွန်သည့်အနာဂတ်အတွက် အတတ်နိုင်ဆုံး
ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စရပ်များ၊
နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
ညနေပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသားပြန်လည်စည်းလုံး
ညီညွတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူး ကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဖြစ်သူ
Mr. Yohei SASAKAWA အား ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အထွေထွေ
ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်
အစိုးရသစ်နှင့် တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြသည်။
(မြ၀တီ)



No comments:
Post a Comment