Monday, January 11, 2016

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဗြိတိန်နိုင်ငံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော် ဇန်န၀ါရီ  ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဗြိတိန်နိုင်ငံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်ကြီး ဂျွန်နီကိုလက်စ် ရေနော့ဒ်စ် ဟော့တန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းဆိုင်ရာ ကိစ္စရပ်များ၊  မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ-ဗြိတိန် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေး နွေးခဲ့ကြသည်။


အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော်၊ ဦးတင်ဦးလွင်တို့ တက်ရောက်ကြပြီး ဗြိတိန်နိုင်ငံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး မစ္စတာ အင်ဒရူးပက်ထရစ် လည်းတက်ရောက်သည်။  

No comments:

Post a Comment