Wednesday, January 6, 2016

မြန်မာနိုင်ငံ၏ (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ပြည်ပနိုင်ငံ ခေါင်းဆောင်များထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့

လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယတွင် လာအိုပြည်သူများကိုယ်စား မိမိအနေဖြင့် အဆွေတော် နှင့် မြန်မာပြည်သူများအတွက် ဂုဏ်ယူဝမ်းမြောက် ကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သပါကြောင်း လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ ကျူမာလီ ဆိုင်ညဆွန်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ သဝဏ်လွှာပေးပို့သည်။
ကျွန်ုပ်တို့နှစ်နိုင်ငံကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှု တို့သည် အာဆီယံမိသားစုကြီး၏ တည်ငြိမ်မှုအတွက်သာမက ဒေသတွင်းနှင့် နိုင်ငံ တကာအသိုင်းအဝိုင်း၏ တည်ငြိမ်အေးချမ်းမှုအတွက်ပါ လာမည့်နှစ်များ အတွင်း ပိုမိုတိုးတက်လာမည်ဟု ကျွန်ုပ်အနေဖြင့် ခိုင်မာစွာ ယုံကြည်ပါသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယနှင့် နှစ်သစ်ကူး ကာလတို့တွင် အဆွေတော် ကျန်းမာရွှင်လန်း စေရန်နှင့် မြန်မာပြည်သူများ သာယာဝပြောစေရန် ဆုတောင်းမေတ္တာ ပို့သပါသည်။
အလားတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ လာအိုပြည်သူ့ဒီမိုက ရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် သွန်ဆင်းသမာဗောင်ကလည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။


ဖိလစ်ပိုင်သမ္မတနိုင်ငံ
▄▄▄▄▄▄▄▄▄▄▄▄
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ဖိလစ်ပိုင် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘီနင်နို အကွီနို (၃) က မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယ၌ ဖိလစ်ပိုင် အစိုးရကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူဝမ်း မြောက်ကြောင်းနှင့် ဆုတောင်းမေတ္တာပို့သပါသည်။
လွန်ခဲ့သောနှစ်သည် မြန်မာနိုင်ငံအတွက် အမှန်တကယ် အသိအမှတ်ပြုဖွယ် နှစ်တစ်နှစ်ဖြစ်ခဲ့ပါသည်။ အဆွေတော်တို့အနေဖြင့် အမျိုးသားပြန် လည်ရင်ကြား စေ့ရေးအတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ အထွေထွေရွေးကောက်ပွဲများကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ယင်းအောင်မြင်မှုများအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် အပြည့်အဝထောက်ခံကူညီသွားမည်ဖြစ်ပါသည်။
၂ဝ၁၆ ခုနှစ်အတွင်း မိမိတို့နှစ်နိုင်ငံကြား သံတမန် ဆက်သွယ်မှု နှစ် (၆ဝ)ပြည့် အထိမ်းအမှတ် အခါသမယ ကို ဆင်နွှဲရန်ပြင်ဆင်ဆောင် ရွက်လျက်ရှိသကဲ့သို့ မြန်မာ-ဖိလစ်ပိုင် ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးသည် ဆက်လက် ခိုင်မာလာမည်ဟု ယုံကြည်ပါသည်။ ယခု အချိန်အခါတွင် အာဆီယံအဖွဲ့အစည်းကြီးသည် တစ်ခုတည်းသော စီးပွားရေးအသိုက်အဝန်းဖြစ်လာသည့် အတွက် မိမိတို့နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုတိုးတက်စေရန် အလားအလာကောင်းများစွာကို ပိုင်ဆိုင်လာမည်ဖြစ်ပါသည်။
ကမ္ဘောဒီးယားနိုင်ငံ
▄▄▄▄▄▄▄▄▄▄▄
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ သို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘောဒီးယား အစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် အဆွေတော် သမ္မတကြီး၊ မြန်မာအစိုးရနှင့် မြန်မာပြည်သူများအတွက် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း သဝဏ်လွှာ ပေးပို့ပါသည်။
ကျွန်ုပ်တို့နှစ်နိုင်ငံ၏ ဘုံရည်မှန်းချက်များနှင့်အညီ နှစ်နိုင်ငံကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီး မှုနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုတို့သည် နှစ်နိုင်ငံပြည် သူများ၏ အပြန်အလှန်အကျိုးစီးပွားအတွက် လာမည့်နှစ်များ အတွင်း ပိုမိုတိုးတက်လာမည်ဟု ကျွန်ုပ်အနေဖြင့် ဧကန် မုချယုံကြည်ပါသည်။
အာဆီယံအသိုက်အဝန်းကြီး ဆတက်ထမ်းပိုး တိုးတက်လာစေရန်နှင့် အာဆီယံခေါင်းဆောင်များအကြား ရင်းနှီးသောဆက်ဆံမှု ဖြစ်ပေါ်လာစေရန်အတွက် မိမိတို့နှစ်နိုင်ငံဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။
တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ တီမောလက်စ် တေဒီမိုကရက် တစ်သမ္မတနိုင်ငံ သမ္မတ တော်မာတန် ရောက်ခ်က မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယ အတွက် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက် ပါကြောင်းနှင့် အဆွေတော်သမ္မတကြီး ကျန်းမာရွှင်လန်းစေရန်နှင့် မြန်မာပြည်သူများ သာယာဝပြောစေရန် ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

ဂျာမနီနိုင်ငံ
▄▄▄▄▄▄▄
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိနှင့် ဂျာမန်ပြည်သူများက အဆွေတော်နှင့် မြန်မာ ပြည်သူများအတွက် လှိုက်လှဲစွာဂုဏ် ယူဝမ်းမြောက်ပါကြောင်း ဂျာမနီနိုင်ငံ သမ္မတ ဂျိုဝါချင် ဂေါက်ခ်က နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်ထံသို့ သဝဏ်လွှာပေးပို့သည်။
၂ဝ၁၅ ခုနှစ်သည် အဆွေတော်တို့ နိုင်ငံအတွက် သမိုင်းဝင်နှစ် တစ်နှစ်ဖြစ်ပါသည်။ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် အဆွေတော် ဦးဆောင်သည့် အစိုးရအဖွဲ့ကို ကမ္ဘာတစ်ဝန်းလုံးက ထိုက်တန်စွာ အသိအမှတ်ပြုခဲ့သည်။ ရွေးကောက်ပွဲ ရလဒ်ကို ပါတီအားလုံးက ဂုဏ်သိက္ခာရှိစွာ လက်ခံ ခဲ့ခြင်းကို မိမိနှစ်ထောင်းအားရဖြစ်မိပါသည်။
အသွင်ကူးပြောင်းရေးဖြစ်စဉ်သည် အဆုံးသတ် ခြင်းမရှိသေးပါ။ မြန်မာနိုင်ငံကြုံတွေ့ ရမည့် နိုင်ငံရေး နှင့် စီးပွားရေးပြုပြင်ပြောင်း လဲရေးစိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါစေကြောင်း ဆုတောင်းပေးပါ သည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်တွင် ဂျာမနီနိုင်ငံအနေဖြင့် ယုံကြည်စိတ်ချရ သော မိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။
ချက်သမ္မတနိုင်ငံ
▄▄▄▄▄▄▄▄▄
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူများအတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ သို့ ချက်သမ္မတနိုင်ငံ သမ္မတ မစ္စတာ မီလော့စ်ဇီမန်းက သဝဏ်လွှာပေးပို့သည်။
မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များ၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် လွတ်လပ်သောရွေးကောက် ပွဲများကျင်းပသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို မိမိစိတ်ဝင် တစား လေ့လာခဲ့ပါသည်။ မြန်မာနိုင်ငံက ဖော်ဆောင် လျက်ရှိသော လုပ်ငန်းစဉ်များကို ရွေးကောက်ပွဲလွန် ကာလတွင်လည်း ဆက်လက်ဖော်ဆောင်သွားမည်ဟု ယုံကြည်ပါကြောင်းနှင့် အားပေးတိုက်တွန်းပါကြောင်း ဖော်ပြအပ်ပါသည်။

အလားတူ ချက်သမ္မတနိုင်ငံဝန်ကြီးချုပ် ဘိုဟူစလပ်ဗ် ဆိုဘော့ကာကလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

No comments:

Post a Comment