နေပြည်တော် - ဇန်နဝါရီ ၁၁
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊
ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့
မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ အဆင့်မြင့်မင်္ဂလာဈေးသို့ ရောက်ရှိပြီး ဇန်နဝါရီ ၉ ရက် မီးလောင်မှု ဖြစ်စဉ်အတွင်း တတိယထပ်၊ စတုတ္ထထပ်နှင့် အပေါ်ဆုံးထပ်ရှိ ဆိုင်ခန်းများ
မီးလောင် ကျွမ်းခဲ့မှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတအား
ရန်ကုန်မြို့တော်ဘဏ် အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန်
ဦးလှမြင့်က လက်ရှိ အဆင့်မြင့်မင်္ဂလာဈေးကို ၁၉၉၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့မှု၊
၂ဝ၁ဝ ခုနှစ် မေလ ၂၄ ရက်နေ့တွင် မီးလောင်ကျွမ်းခဲ့မှုနှင့် ဆုံးရှုံးမှုတန်ဖိုး၊ ပြန်လည်
တည်ဆောက်မှု၊ ယခု ဇန်နဝါရီ ၉ ရက်က မီးလောင်ကျွမ်းမှု၊ လောင်ကျွမ်းခံခဲ့ရသည့် ဆိုင်ခန်းများနှင့်
ဆုံးရှုံးမှုတန်ဖိုး၊ လတ်တလော ဆောင်ရွက်ထားရှိမှု၊ ဈေးဆိုင်ခန်းများမှ ပစ္စည်းများရွှေ့ပြောင်းမှုနှင့်
ဈေးဆိုင်ခန်းများအား ယာယီနေရာ ချထားပေးမည့်
အစီအစဉ်၊ မီးလောင်ကျွမ်းခံရသည့် ဈေးဆိုင်များအား ချေးငွေထုတ်ပေးမည့် အစီအစဉ်နှင့်
အဆင့်မြင့်မင်္ဂလာဈေးအား ပြန်လည်တည်ဆောက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်း၊ ဦးခင်မောင်စိုး၊ ဦးကျော်လွင်တို့က ပြန်လည်တည်ဆောက်မည့် အဆင့်မြင့်မင်္ဂလာဈေး
ဆိုင်ခန်းများအကျယ်အဝန်းကို ယခုထက်ပိုမို ဧရိယာအကျယ်ထားပေးရေး၊ မီးလောင်ကျွမ်းခံရသည့်
ဈေးဆိုင်များအား သက်သာသော အတိုးနှုန်းဖြင့် ချေးငွေထုတ်ပေးရေး၊ လျှပ်စစ်အန္တရာယ်ကင်းဝေး စေရေးနှင့် အဆောက်အဦ ကြံ့ခိုင်မှုကောင်းမွန်ရေးတို့နှင့်စပ်လျဉ်း၍
ဆွေးနွေးတင်ပြကြ သည်။
ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍
နိုင်ငံတော်သမ္မတက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆွေးနွေးပြောကြားရာတွင် ဈေးသူဈေးသားများကို
ယာယီဈေး၌ နေရာချထားရာတွင် တတ်နိုင်သမျှ စုစုစည်းစည်း ဖြစ်စေရေး၊ယာယီဆိုင်ခန်းများ
သပ်ရပ် တောင့်တင်း ခိုင်မာပြီး ရာသီဥတုဒဏ် ခံနိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးရန်၊
မီးလောင်ဆုံးရှုံးသွားသည့် ဈေးသူဈေးသားများ လုပ်ငန်းပြန်လည် စတင်နိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ၊ မြို့တော်ဘဏ်မှ သက်သာသော အတိုးနှုန်းဖြင့် ငွေထုတ်ချေးပေးရန်၊ ယာယီဈေးသို့ရွှေ့ပြောင်းရာတွင်
အထောက်အကူ ဖြစ်စေရန်အတွက် နိုင်ငံတော်အစိုးရမှမီးဘေးသင့် ဆိုင်ခန်းတစ်ခန်းချင်းအလိုက်
သင့်တော်သည့် ထောက်ပံ့ ကြေးများထောက်ပံ့ပေးရန်၊ ဈေးအဆောက်အဦသစ်ပြန်လည် တည်ဆောက်ရာတွင်
မီးဘေးအပါအ၀င် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်မည့် တည်ဆောက်မှုဖြစ်စေရေး၊ ရေရှည်အားဖြင့်
အဆင့်မီ အဆင့်မြင့်ဈေးသစ် ဖြစ်စေရေး အတွက်ကောင်းမွန်သော ဗိသုကာဒီဇိုင်းများ၊ အဆောက်အဦပုံစံများ
ရရှိနိုင်ရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း စသည်တို့နှင့်
ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားရန်၊ လျှပ်စစ်
သုံးစွဲမှု၊ ဓါတ်အားကြိုးများဖြန့်ခွဲတပ်ဆင်မှု စသည်တို့နှင့် ပတ်သက်၍ လည်းဘေးကင်း လုံခြုံစေရေးအတွက်
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစေရေး
အလေးထား ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည်
ရန်ကုန်မြို့တော်ဘဏ် မြေညီထပ်၌ ဈေးသူ ဈေးသားများအား တွေ့ဆုံ၍ ဈေးသူဈေးသားများတင်ပြသည့်
အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် ဆုံးရှုံးခဲ့ရသည့်
ဈေးသူ ဈေးသားများအတွက် နိုင်ငံတော်က ရှေ့ဆက်လက် ပံ့ပိုးဆောင်ရွက် ပေးသွားမည့် အစီအမံများကို
ရှင်းလင်းပြောကြားခဲ့သည်။
ဇန်နဝါရီ ၉ ရက်
နံနက် ၁ နာရီ မိနစ် ၂ဝ အချိန်ခန့်တွင် စတင်လောင်ကျွမ်း
ခဲ့သည့် အဆင်ြ့မင့် မင်္ဂလာဈေး မီးလောင်မှုကြောင့် တတိယထပ်လေးလွှာရှိ ဆိုင်ခန်း ၇၉၁ ခန်း၊
စတုတ္ထထပ် ငါးလွှာရှိ ဆိုင်ခန်း ၇၉၇ ခန်းနှင့် အပေါ်ဆုံးထပ် ခြောက်လွှာရှိ ဆိုင်ခန်း ၄၈
ခန်း အပါအဝင် ဆိုင်ခန်းစုစုပေါင်း ၁၆၃၆ ခန်း မီးလောင်ကျွမ်းခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး
ခန့်မှန်းငွေကျပ် ၃၆ ဘီလီလျံ ဆုံးရှုံးခဲ့သည်။
လက်ရှိကာလတွင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာန၊ အဆင့်မြင့်မင်္ဂလာဈေး ဈေးသာယာရေး
အဖွဲ့တို့မှ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် မီးလောင်ကျွမ်းမှုတွင် မပါဝင်သည့် မြေညီထပ်၊
ပထမထပ်၊ ဒုတိယထပ်ရှိ ဆိုင်ခန်းများမှ ပစ္စည်းများကို ရွှေ့ပြောင်းပေးလျက်ရှိရာ မြေညီထပ်မှ
ဆိုင်ခန်း ၈၄၉ ခန်းရှိ ပစ္စည်းများကို ဇန်နဝါရီ
၁ဝ ရက်မှ ၁၂ ရက်အထိလည်းကောင်း၊ ပထမထပ်မှ ဆိုင်ခန်း ၇၉၁ ခန်းရှိ ပစ္စည်းများကို ဇန်နဝါရီ
၁၃ ရက်မှ ၁၄ ရက်အထိလည်းကောင်း၊ ဒုတိယထပ်မှ ဆိုင်ခန်း ၇၉၁ ခန်းမှ ပစ္စည်းများကို ဇန်နဝါရီ
၁၅ ရက်မှ ၁၆ ရက်အထိလည်းကောင်း၊ ကျန်ဆိုင်ခန်းများကို ဇန်နဝါရီ ၁၇ ရက်တွင်လည်းကောင်း ဈေးသူ ဈေးသားများ၏
အစီအစဉ်ဖြင့် သယ်ယူခွင့်ပြုထားပြီး ဖြစ်သည်။
အကျယ်အဝန်း အလျား
ပေ ၂၆ဝ နှင့် အနံ ၂၂၈ ပေရှိ အဆင့်မြင့်မင်္ဂလာဈေးကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး
၂ဝ၁ဝ ခုနှစ်တွင် ပထမအကြိမ် စတုတ္ထထပ်နှင့် ခေါင်းမိုးထပ်မီးလောင်ခဲ့၍ ပြန်လည်တည်ဆောက်ခဲ့ရသည်။ ယခုတစ်ဖန် တတိယထပ်မှ ခေါင်းမိုးထပ်ထိ ထပ်မံမီးလောင်ခဲ့မှုကြောင့်
အဆောက် အဦကြီး တစ်ခုလုံး ကြံ့ခိုင်မှုမရှိတော့သဖြင့် အသစ်ပြန်လည်တည်ဆောက် သွားမည်ဖြစ်
သည်။
ဈေးသစ်ပြန်လည်တည်ဆောက်နိုင်ရန်အတွက်
မြေညီထပ်မှ ပဉ္စမထပ်ရှိ ဆိုင်ခန်းပေါင်း ၄ဝ၆၇ ခန်းကို မင်္ဂလာဈေးဝင်းအတွင်းရှိ ရွှေမင်္ဂလာဈေး
တတိယထပ်မှ ပဉ္စမထပ်ရှိ ယာဉ်ရပ်နားနေရာ၊ ရွှေပြည့်စုံဈေး စတုတ္ထထပ်ရှိ လစ်လပ်နေရာနှင့်
မင်္ဂလာမွန်ဈေး ရှေ့မျက်နှာစာယာဉ်ရပ်နားနေရာတို့တွင် ၅ ပေ x ၅ ပေ ဆိုင်ခန်းနေရာ များစီစဉ်၍
ယာယီ နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။



No comments:
Post a Comment