(၆၄)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို
ယနေ့နံနက်(၈)နာရီတွင် လွိုင်ကော်မြို့ မင်းစုရပ်ကွက်ရှိ ကျောက်သားရင်ပြင်၌ ကျင်းပရာ
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်၍ နိုင်ငံတော်သမ္မတထံမှ
ပေးပို့သည့် သ၀ဏ်လွှာအား ဖတ်ကြားသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊
ဦးစိုးသိန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ၀န်ကြီးများ၊
ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး
အဖွဲ့အစည်း အသီးသီးမှကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှကိုယ်စားလှယ်များ၊
ကျောင်းသားကျောင်းသူများ၊ တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူ
စုစုပေါင်းအင်အား(၃၄၀၀)ကျော် တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများသည်
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ
နှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတထံမှ ၂၀၁၆ ခုနှစ် (၆၄)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့်
သဝဏ်လွှာကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဖတ်ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံမှ
၂၀၁၆ ခုနှစ် (၆၄)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ကယားပြည်နယ်
စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးတောရယ်က ဖတ် ကြားသည်။
ယင်းနောက် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက
(၆၄)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မိန့်ခွန်း ပြောကြားရာတွင် ကယားပြည်နယ်သည်
မြောက်ဘက်တွင် ရှမ်းပြည်နယ်၊ အနောက်ဘက်နှင့် တောင်ဘက်တို့တွင် ကရင်ပြည် နယ်၊ အရှေ့ဘက်တွင်
ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပါကြောင်း၊ အကျယ်အဝန်းဧရိယာ စတုရန်းမိုင်ပေါင်း(၄၅၃၀)ခန့်ရှိပြီး
လူဦးရေစုစုပေါင်း(၂၉၀၆၈၇) ဦးအနက် ကယားတိုင်း ရင်းသားဦးရေသည် (၅၆) ရာခိုင်နှုန်းခန့်အများဆုံး
ပါဝင်လျက် ရှိပါကြောင်း။
ကယားပြည်နယ်တွင် ကယားလူမျိုးစုများဖြစ်ကြသည့်
ကယား၊ ကယန်း(ပဒေါင်)၊ ဂေခို၊ ဂေဘား၊ ကယန်း(လထ) (ခေါ်) ဇယိမ်း၊ ကယော၊ ယင်းဘော်၊ ယင်းတလဲ၊
မနုမနော တိုင်းရင်းသားများအပြင် ပအို့ဝ်၊ အင်း၊ ကချင်၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊
ရှမ်း စသည့် အခြားတိုင်းရင်းသားမျိုးစုံ အေးအတူပူအမျှ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်း
နေထိုင်လျက်ရှိကြပါကြောင်း၊ စုစည်းနေထိုင်ကြသည့် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စွာဖြင့်
မိမိတို့ပြည်နယ်ကြီး အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်စည်ပင် ဝပြောလာအောင် ဝိုင်းဝန်းကြိုးပမ်း
အကောင်အထည်ဖော် ဆောင်ရွက်ကြရန် အလေး အနက်ထား
တိုက်တွန်းပါကြောင်း။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “နိုင်ငံရေးအင်အား
ဆိုတာကတော့ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပဲ ဖြစ်ပါတယ်။ လူမျိုးစုပေါင်း တစ်ရာကျော်နဲ့
စုစည်းနေထိုင် ကြတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ
အလွန် အရေးကြီးပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲရင် နိုင်ငံတော်ကြီး လည်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးသွားမှာဖြစ်တဲ့အတွက် တိုင်းရင်းသားစည်းလုံး
ညီ ညွတ်ရေးကို အထူး အလေးထားပြီး တည်ဆောက်သွားမှာဖြစ်တယ်”ဟု မိန့်ကြားခဲ့ ပါကြောင်း။
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်
တည်ဆောက်ရေးနှင့် ကယားပြည်နယ် ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန်
ဆောင်ရွက်ကြရာတွင် ပြည်နယ် အတွင်း၌ရှိကြသည့် ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း၊ အမှုထမ်းအားလုံးသာမက
ဒေသခံတိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမ အားလုံး တွင်လည်း တာဝန်ရှိပါ ကြောင်း၊
ထို့ကြောင့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်
အပြည့်အဝနှင့် စည်း လုံးညီညွတ်စွာ ပူးပေါင်းလက်တွဲပါဝင်ကြရန် အထူးလိုအပ်ပါကြောင်း ပြောကြားသည်။
အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် ဒေသခံပြည်သူများအား
ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် ဒုတိယသမ္မတသည် (၆၄)နှစ်မြောက် ကယားပြည်နယ်နေ့
အထိမ်း အမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်း လင်းပြသ
ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကယားပြည်နယ်နေ့
ပွဲတော်ကွင်း၌ ကျင်းပပြုလုပ်သည့် ကယားရိုးရာနပန်းပြိုင်ပွဲ (ကယား + ကယန်း)၊ စပါးထောင်းပြိုင်ပွဲ၊
ကရာတေးဒိုပြိုင်ပွဲများအား ကြည့်ရှု အားပေးပြီး အမျိုးသားတံခွန်စိုက်ဆု၊ အမျိုးသမီး
တံခွန်စိုက်ဆု၊ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် ဂုဏ်ပြု
ဆုရရှိ သူများကို ဆုများပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်၍ ကယားပြည်နယ်အထိမ်းအမှတ်ဥယျာဉ်သို့
သွားရောက်လေ့လာရာ ကယားပြည်နယ် ၀န်ကြီးချုပ်က လိုက်လံရှင်းလင်းပြသသည်။
ပထမဦးဆုံးသော ကယားပြည်နယ်နေ့ အခမ်းအနားကို
၁၉၅၂ ခုနှစ်၊ ဇန်နဝါရီ (၁၅)ရက်တွင် ကယားပြည်နယ် ၏ နာမကရဏသဘင်အဖြစ် စည်ကားသိုက်မြိုက်စွာ
စတင်ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၆၄)နှစ်မြောက်ခဲ့ပြီ ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလ ၁၉၄၇
ခုနှစ်၊ ဇွန်လတွင် ကျင်းပခဲ့ သည့် တိုင်းပြုပြည်ပြုလွှတ်တော် ပဏာမညီလာခံတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တင်သွင်းခဲ့ကြသည်။ ယင်းဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်
ကရင်နီပြည်နယ်ကို အသစ်တည်ထောင်ဖွဲ့စည်းမည့် ကော်သူးလေ ပြည်နယ်(ကရင်ပြည်နယ်)ထဲသို့ ထည့်သွင်းရန်
စီစဉ်သည့်အခါ လူထုအစည်းအဝေး များကျင်းပ၍ ကန့်ကွက်ခဲ့ကြသည့်အပြင်
ကရင်နီခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံ အရေးဆိုခဲ့ကြသည်။
၁၉၄၉ ခုနှစ်၊ သြဂုတ် (၁၀)ရက်တွင် ကျင်းပသည့်
ကရင်နီပြည်နယ်ကောင်စီ ဒုတိယညီလာခံနှင့် ၁၉၅၀ ခုနှစ်၊ ဖေဖော်ဝါရီ (၉) ရက်တွင် ကျင်းပသည့်
တိုင်းပြုပြည်ပြု လွှတ်တော်(ပါလီမန်) တို့၌ “ကရင်နီပြည်နယ်” အစား “ ကယားပြည်နယ် ” ဆိုသည့်
အမည်ကို ပြောင်းလဲခေါ်ဆိုနိုင်ရန် အဆိုတင်သွင်းခဲ့ကြသည်။ ပြည်နယ် ခေါင်းဆောင် များ၏
ကြိုးပမ်းမှုများကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် “ ကရင်နီ”ဆိုသည့် စကားရပ်ပါရှိသည့်နေရာတိုင်း၌
“ ကယား ” ဆိုသည့် စကားရပ်ကို ပြောင်းလဲသုံးစွဲရန် ပြဋ္ဌာန်းခဲ့သည်။
ကယားအမျိုးသားခေါင်းဆောင်များနှင့်တကွ စောဖျာများ၊
ပြည်နယ်သူ၊ ပြည်နယ် သားများ၏ဆန္ဒအရ မိမိတို့ပြည်နယ်ကို “ကယားပြည်နယ်”ဟု ခေါ်ဆိုခွင့်ရခဲ့ခြင်းဖြစ်
သည်။ ထိုကဲ့သို့ ကယားအမျိုးသား ခေါင်းဆောင်ကြီး များ၏ ကြိုးပမ်းအောင်မြင်မှုကို ဂုဏ်ပြုသည့်အနေဖြင့်
နှစ်စဉ်ဇန်နဝါရီ(၁၅)ရက်ကို “ကယား ပြည်နယ်”နေ့ အဖြစ်သတ်မှတ်ပြီး စည်ကားသိုက်မြိုက်စွာ
ကျင်းပခြင်းဖြစ်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည်
လွိုင်ကော်မြို့ သီရိမင်္ဂလာတောင် တော်ရှိ တောင်ကွဲ စေတီတော်မြတ် ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး
ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ပူဇော်ကာ အလှူငွေများ လှူဒါန်းကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် လွိုင်ကော်မြို့မှမြန်မာအမျိုးသား
လေကြောင်းဖြင့် ပြန်လည် ထွက်ခွာရာ မွန်းလွဲ(၁)နာရီခွဲတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။
No comments:
Post a Comment