မုဒုံ ဇန်နဝါရီ ၁၃
၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေး အတွက် မုဒုံမြို့နယ်
အတွင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အောင်ချက်
မြင့်မားစေရန် အတွက် မော်လမြိုင် တက္ကသိုလ် ဘာသာရပ် အသီးသီးမှ ဆရာ၊ ဆရာမ(၇)ဦး တို့သည့်
ဇန်နဝါရီလ ၁၃ ရက် နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ လာရောက် ဟောပြော ပို့ချ ခဲ့ကြောင်း သိရသည်။
ထို့သို့ လာရောက်ပို့ချရာတွင် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က(ကွေ့ဝမ်း)၊
အ.ထ.က ခွဲ(ကော့ပရံ)၊ အ.ထ.က ခွဲ(ညောင်ကုန်း)၊ အ.ထ.က ခွဲ(ကော့ခပုံ)၊ အ.ထ.က ခွဲ(ဗိုလ်တေဇ)၊
အ.ထ.က (ကမာဝက်)၊ အ.ထ.က (တံခွန်တိုင်)၊ အ.ထ.က (ကလော့သော့)၊ အ.ထ.က ခွဲ(ကွမ်လှာ)၊ အ.ထ.က
ခွဲ (နှီးပဒေါ) စသည့် ကျောင်း များမှ ကျောင်းသား/သူများကို အ.ထ.က(၁) အခြေခံပညာ အထက်တန်း
ကျောင်းရှိ ရှင်အရဟံခန်းမ၊ အ.ထ.က(၂) အခြေခံ ပညာ အထက်တန်း ကျောင်းရှိ ပညာရတနာခန်းမ၊
အ.ထ.က (ကမာဝက်) ကျောင်းခန်းမ များတွင် အလှည့်ကျ အခန်းပြောင်း စနစ်ဖြင့် သင်ကြားပို့ချခြင်း
ဖြစ်ကြောင်း သိရသည်။
အဆိုပါ လာရောက်ပို့ချသည့် မော်လမြိုင်တက္ကသိုလ်မှ ဆရာ/ဆရာမများကို မြို့နယ် အုပ်ချုပ်ရေးမှူး၊
မြို့နယ် ပညာရေးမှူး၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်(၁)၊
အမှတ်(၂) အ.ထ.က(ကမာဝက်) ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတို့က ကူညီဆောင်ရွက် ပေးခဲ့ ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)
No comments:
Post a Comment