Wednesday, December 23, 2015

အထူး ကုန်စည်ခွန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ပူးပေါင်း ကော်မတီ နှစ်ရပ် အစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၃
ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းသည့် အထူးကုန်စည်ကုန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်၊ ဥပဒေကြမ်း ပူးပေါင်း ကော်မတီနှင့် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီတို့၏ ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စု လွှတ်တော် (D-ဆောင်)၊ ဒုတိယထပ် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေကြမ်း ပူးပေါင်း ကော်မတီနှင့် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပူးပေါင်း ကော်မတီ နှစ်ရပ်မှ ဒုတိယ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

No comments:

Post a Comment