Wednesday, December 23, 2015

ပြည်ထောင်စု လွှတ်တော် ပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၃
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပရာ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေ ကြမ်းအပါအဝင် ဥပဒေကြမ်း ၄ ခုကို မှတ်တမ်းတင်ခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက် ကြသည်။

အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံ မီးပြတိုက်အက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ၂၀၁၆ - ၂၀၁၇ အမျိုးသား စီမံကိန်း ဥပဒေကြမ်း၊ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍  ပြည်ထောင်စု လွှတ်တော်က လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများ အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာသည်။

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ကျင်းပရန် လျာထားကြောင်း သိရသည်။

No comments:

Post a Comment