Wednesday, December 30, 2015

ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၂၂ ရက် မြောက်နေ့ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃၀
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ (၁)နာရီခွဲတွင် ကျင်းပပြီး ဥပဒေကြမ်း(၁)ခု အတည်ပြုခြင်းနှင့် ဥပဒေကြမ်း(၃)ခုနှင့် စပ်လျဉ်းသည့် အစီရင်ခံစာ ၃ ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှပေးပို့သော အထူးကုန်စည်ခွန်ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုသည်။
ယင်းနောက် အဆိုပါဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုပေးနိုင်ရန် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။

ထို့နောက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း၊ ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကြမ်း နှင့် ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေ ကြမ်းများနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာများကို ပူးပေါင်း ကော်မတီ၏ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီ ဝင်များက လွှတ်တော်သို့ ဖတ်ကြားသွင်းကြပြီး လွှတ်တော်နာယက က ယင်းဥပဒေကြမ်းများနှင့် စပ်လျဉ်း ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။

No comments:

Post a Comment