Tuesday, December 1, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရိုမေးနီးယားနိုင်ငံအမျိုးသားနေ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့

နေပြည်တော် ဒီဇင်ဘာ ၁

၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁ရက်တွင် ကျရောက်သော ရိုမေးနီးယားနိုင်ငံ၏ အမျိုးသားနေ့အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ရိုမေးနီးယားနိုင်ငံသမ္မတ မစ္စတာ ကလောက်စ် ဗမ်နာ ယိုဟမ်နစ် ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့သည်။


အလားတူ ၂ဝ၁၅ခုနှစ် ဒီဇင်ဘာ ၁ရက်တွင် ကျရောက်သော ရိုမေးနီးယားနိုင်ငံ၏ အမျိုးသားနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ရိုမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ စောရင်း မီရှိုင်း ချင်ပီယာနို ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့သည်။

No comments:

Post a Comment