Tuesday, November 24, 2015

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုသည်အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီ Mr. Daniel R. Russel နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာလ ၂၄

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုသည် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး  Mr. Daniel R. Russel နှင့်အဖွဲ့အား ယနေ့နံနက်(၁၀)နာရီ မိနစ်(၂၀)အချိန်တွင် နေပြည်တော်၊ပြည်ထဲရေးဝန်ကြီးဌာနရှိ ပြည်ထောင်စု ဝန်ကြီး၏ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။



ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်း ဦးစီးဌာန နှင့်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ခဲ့မှုအခြေအနေ၊ ကျန်ရှိသော အစိုးရအဖွဲ့သက်တမ်းအတွင်း ဝန်ကြီးဌာနအနေဖြင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် အစိုးရသစ်သို့တာဝန်လွှဲပြောင်းရန် ပြင်ဆင် ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment