Sunday, November 1, 2015

၂ဝ၁၄ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ စာရေးဆရာမ စံပယ်ဖြူနု၏ ငြိမ်းချမ်းရေးတမ်းတသံများကို ရေးဖွဲ့သော ''မြောက်ဖျားက အလွမ်းရာသီ ဝတ္ထုရှည်''က အမျိုးသားစာပေဆု ဆွတ်ခူး

ရန်ကုန် အောက်တိုဘာ ၃၁

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသား စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီ သည် ၂ဝ၁၄ ခုနှစ်အတွင်း ပထမ အကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များ ကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသား စာပေဆုချီးမြှင့်ရန် ရွေးချယ်ခြင်းခံရ သော စာအုပ်များနှင့် စာရေးဆရာ များ၏ အမည်စာရင်းကို ယနေ့ ထုတ်ပြန်ကြေညာသည်။


ဝတ္ထုရှည်စာပေဆုတွင် စံပယ်ဖြူနု ရေးသားသည့် ''မြောက်ဖျားက အလွမ်း ရာသီ'' (ကံ့ကော်ဝတ်ရည်စာပေ)၊ ဝတ္ထုတိုပေါင်းချုပ် စာပေဆုတွင် ကြူးနှစ်ရေးသားသည့် မာရ်နတ်ရဲ့ စည်းစိမ်(ရေသောက်မြစ် စာအုပ် တိုက်)၊ ကဗျာပေါင်းချုပ်စာပေဆုတွင် မောင်လင်းကြည် ရေးသားသည့် မိုးဦးလေဦးကဗျာများ (မုံရွေးစာပေ တိုက်)၊ စာပဒေသာစာပေဆုတွင် တက္ကသိုလ်ခင်မောင်ဇော် ရေးသား သည့် တက္ကသီလာ မြကျွန်းသာ (ရန်ကုန်တက္ကသိုလ်သမိုင်း) (ခေတ် ပြတိုက်စာပေ)၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုတွင် ဒေါက်တာမောင်ဖြေ ရေးသားသည့် မွန်မြတ်သော ကျေးဇူးဆပ်သူနှင့် မွန်မြတ်သော ကျေးဇူးပြုသူ(နှစ်ဆယ့်ခွန် စာပေ)၊ ကလေးစာပေဆုတွင် ဇော်မျိုးဟန်(ငါးသိုင်းချောင်း)ရေးသား သည့် ပန်းစုံရွှေပြည် ကလေးကဗျာများ (နိုင်ငံ့ဂုဏ်ရည်စာပေတိုက်)၊ လူငယ် စာပေဆုတွင် ဆူးသစ် ရေးသားသည့် ခွန်အားရှိသောစာ ခွန်အားရှိသော လူငယ် (နိုင်ငံ့ဂုဏ်ရည်စာပေ)၊ ဘာသာပြန် (သုတ) စာပေဆုတွင် နတ်မောက်အနီချို ရေးသားသည့် ကိုယ့်ကိုယ်ကိုယ်ကိုး တိုး၍သာဝင်Wisdom House စာအုပ်တိုက်)၊ ဘာသာပြန် (ရသ) စာပေဆုတွင် ဟိန်းလတ်ရေးသားသည့် ကျွန်မ မာလာလာ (အလင်္ကာဝတ်ရည်စာပေ)၊ သုတပဒေသာ (ဝိဇ္ဇာဘာသာရပ်)စာပေဆုတွင် ဒေါက်တာတိုးလှ ရေးသားသည့် လယ်ယာမြေသက္ကရာဇ် တွေထဲက သမိုင်း (သမိုင်းသုတေသန ဦးစီးဌာန)၊ သုတပဒေသာ (ရိုးရိုးသိပ္ပံ)စာပေဆုတွင် ကျော်ဦး ရေးသားသည့် စွမ်းအင်နှင့်ဝန်းကျင်(ပါရမီစာပေ)၊ သုတပဒေသာ(အသုံးချသိပ္ပံ)စာပေဆု တွင် ရတနာစိုးရေးသားသည့် ဝါး (မြန်မာမြင့်စာပေတိုက်)၊ နိုင်ငံရေး စာပေဆုတွင် ဒေါက်တာကျော်ဝင်း ရေးသားသည့် နိုင်ငံရေးအတွေး အခေါ်သမိုင်း(နေရီရီစာပေ)၊ အင်္ဂလိပ် ဘာသာ(သုတ)စာပေဆုတွင် ဦးစိုင်း အောင်ထွန်း ရေးသားသည့်SHAN LEGENDS (Naing Htet Aung)၊ အင်္ဂလိပ်ဘာသာ(ရသ)စာပေဆုတွင် ဦးထွန်းအောင်ချိန် ရေးသားသည့်MAUNG YIN MAUNG AND MA ME' MA(Myanmar Knowledge Society) တို့ကို ဆု ချီးမြှင့်ကြောင်း ကြေညာသည်။

အမျိုးသားစာပေဆု ဘာသာရပ် များကို အမျိုးအစား တိုးမြှင့်ချီးမြှင့်ခဲ့ရာ တွင် ၂ဝ၁ဝ ပြည့်နှစ်မှ စတင်၍ အင်္ဂလိပ်ဘာသာစာအုပ်ဆုကို လည်း ကောင်း၊ ၂ဝ၁၁ ခုနှစ်တွင်မူ အဆိုပါ အင်္ဂလိပ်ဘာသာစာအုပ်ဆုကို သုတ နှင့်ရသခွဲခြား၍လည်းကောင်း ချီးမြှင့် ခဲ့သည့်အတွက် စုစုပေါင်းဘာသာရပ် ၁၆ မျိုး ဖြစ်လာခဲ့သည်။ အင်္ဂလိပ် ဘာသာစာအုပ်ဆု ချီးမြှင့်ရာတွင် ယခု နှစ်မှ စ၍ မြန်မာဘာသာ (သို့မဟုတ်) တိုင်းရင်းသားဘာသာဖြင့် ရေးသား ထားသောစာအုပ်ကို အင်္ဂလိပ်ဘာသာ ဖြင့် ရေးသားထားသည့် စာအုပ်များ ကိုပါ ထည့်သွင်းရွေးချယ်ချီးမြှင့်နိုင် ခဲ့သည်။ ၂ဝ၁၄ ခုနှစ်အတွက် အမျိုးသားစာပေဆုတွင် ပြဇာတ် စာပေဆုကို ရွေးချယ်ချီးမြှင့်နိုင်ခြင်းမရှိကြောင်း သိရသည်။

အမျိုးသားစာပေဆုကို ယခင်က ကျပ်သုံးသိန်း ချီးမြှင့်ခဲ့ရာမှ ယခု အစိုးရလက်ထက် ၂ဝ၁၁ ခုနှစ်တွင် ကျပ်ငါးသိန်းထိလည်းကောင်း၊ ၂ဝ၁၂ ခုနှစ်တွင် ကျပ် ၁ဝ သိန်းထိ လည်း ကောင်း၊ ၂ဝ၁၃ ခုနှစ်တွင် ကျပ် ၁၅ သိန်း ထိလည်းကောင်း အဆင့်ဆင့် တိုးမြှင့်ခဲ့ရာ ယခုနှစ်တွင်လည်း ကျပ် ၁၅ သိန်း ချီးမြှင့်မည်ဖြစ်သည်။

အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ နှင့် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး လောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၇၂ ဦးဖြင့် ဖွဲ့စည်း ထားသည်။ မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနက အမျိုးသားစာပေဆု ရွေးချယ် ရေးအတွက် စာအုပ်များ ပေးပို့နိုင်ခြင်း မရှိတော့သဖြင့် စာရေးသူများနှင့် ထုတ်ဝေသူများက ပေးပို့သောစာအုပ် များကို သက်ဆိုင်ရာ ဘာသာရပ် အလိုက် ပဏာမအဆင့်၊ ဆန်ခါတင် အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ ရွေးချယ်ခဲ့ကြသည်။

ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ် ထောက်ပံ့မှုကော်မတီ တယ်လီဖုန်း အမှတ် ဝ၁-၃၇၆၅၆၉၊ ဝ၁-၃၇၄၅၃၂၊ ဝ၁-၃၈၁၄၄၉ တို့သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅x၇) လက်မ ရောင်စုံဓာတ်ပုံ နှစ်ပုံနှင့် ပတ်စပို့ အရွယ် ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်နှင့် တကွ (ကြေညာသည့်ရက်မှ တစ်ပတ် အတွင်း) ပေးပို့ရန် နှိုးဆော်ထားရှိ သည်။


ဆုရစာအုပ်များကို ထုတ်ဝေသည့် စာပေတိုက်များကိုလည်း ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်နိုင်ရေး အတွက် ဖိတ်ကြားသွားမည်ဖြစ် ကြောင်းနှင့် အဆိုပါဆုများကို ဒီဇင်ဘာ ၁၂ ရက်(စနေနေ့)တွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပမည့် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment