Thursday, October 29, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တူရကီနိုင်ငံတည်ထောင်သည့်နေ့ သ၀ဏ်လွှာများပေးပို့

နေပြည်တော် အောက်တိုဘာ ၂၉
၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင်ကျရောက်သော တူရကီ သမ္မတနိုင်ငံ တည်ထောင်သည့် (၉၂) နှစ်ပြည့် အခါသမယ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ တူရကီသမ္မတနိုင်ငံ သမ္မတ မစ္စတာ ရီချက် ကာယစ်(ပ) အက်ဒိုဝမ်ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။

အလားတူ အောက်တိုဘာ ၂၉ ရက်တွင် ကျရောက်သော တူရကီသမ္မတနိုင်ငံ တည်ထောင်သည့် (၉၂)နှစ်ပြည့် အခါသမယ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ တူရကီသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အာမက် ဒါဘူတိုဂလူးထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

(သတင်းစဉ်)

No comments:

Post a Comment