Saturday, October 31, 2015

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရုံဖြင့် မပြီးဘဲ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆက်လက် ဆောင်ရွက်ကြရမည်


ြ​နေပြည်တော် အောက်တိုဘာ ၃၀
စစ်မှုထမ်းသက် နှစ်ကာလ များစွာအတွင်း တပ်မတော်မှ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်အညီ ပြစ်မှုမ ရှိအောင် နေ ထိုင်ခြင်း၊ ကျန်းမာ ကြံ့ ခိုင်အောင် နေထိုင်ခြင်း၊ ထိုက်သင့်သည့် သင်တန်းများတွင် အရည်အ ချင်း ပြည့်မီအောင်
တက်ရောက်သင်ကြားခြင်း၊ ခေါင်းဆောင်မှု မှားယွင်းမှု မရှိစေရန် ထိန်းသိမ်း ဆောင်ရွက်ခြင်းတို့အပေါ် မူတည်၍ တာဝန်ပေး အပ်ခြင်းဖြစ်သောကြောင့် မိမိကိုယ်မိမိ တန်ဖိုးထားရန်၊ ဂုဏ်ယူရန် လိုအပ်ကြောင်း၊ မိမိကို ပေးအပ်သည့် မည်သည့်ရာထူးအဆင့်ကိုမဆို တန်ဖိုးထားခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းပြီး ကြိုးစားချင်စိတ် အမြဲ ရှိနေမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁၀ နာရီတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်း အဝေးခန်းမ၌ အုပ်ချုပ်မှုမွမ်းမံသင်တန်းအမှတ်စဉ် (၂/၂၀၁၅)မှ သင်တန်းသား သင်တန်းသူ အရာရှိများအား တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် သင်တန်းသား သင်တန်းသူ အရာရှိများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်း ဆင်းများအနေဖြင့် မိမိတာဝန်ယူကွပ် ကဲရမည့် တပ်၊ ဌာနစွမ်းရည်ရှိစေရန် ကြိုးစားလုပ်ဆောင်ရ မည်ဖြစ်ကြောင်း ၊ ခြေလျင်တပ်များအနေဖြင့် တိုက်စွမ်းရည်ရှိရန်လိုအပ်သကဲ့သို့ လက်ရုံးတပ်များအနေဖြင့်လည်း လက်ရုံး တပ်ဖွဲ့ စွမ်းရည်ရှိအောင် လုပ်ဆောင်ရန်လိုကြောင်း၊ တပ်မှူးတာဝန် ထမ်းဆောင်မည့် သူများအနေဖြင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဘဏ္ဍာရေး အခွင့်အာဏာ သုံးရပ်ပေးအပ်ထားခြင်းဖြစ်၍ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ရန် လိုကြောင်း၊ ညီညွတ်မျှတသောအုပ်ချုပ်မှု၊ မှန်ကန်သော တာဝန်ခွဲဝေမှုတို့ရှိရမည်ဖြစ်ကြောင်း။
ယနေ့ ပြည်သူကရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြည်သူ့ဆန္ဒနှင့်အညီ လျှောက်လှမ်း ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ရှိနေ၍မရပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခနှင့် ပတ်သက်သည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကိစ္စရပ်များသည်လည်း အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ တိုင်းများ ရှိပြီးဖြစ်၍ ဥပဒေနှင့်အညီ ဝင်ရောက် အရွေးချယ်ခံကြရ မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၁၁ ခုနှစ် ဩဂုတ်လမှစ၍ သမ္မတကြီးမှ ငြိမ်းချမ်းရေး စတင်ဖိတ် ခေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ NCA လက်မှတ်ရေးထိုးနိုင်ရန် အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ် ကြောင်း၊ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရုံဖြင့်မပြီးဘဲ ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ဆက်လက် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ရမည်ဖြစ်ကြောင်း၊ ပေးထားသည့် ကတိကဝတ်များနှင့်အညီ အမှန် တကယ် ငြိမ်းချမ်းလိုသည့်စိတ်ရှိရန် လိုကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ထိခိုက်ခြင်း၊ ဒို့တာဝန် အရေးသုံးပါး ကိုထိခိုက်ခြင်းနှင့် တိုင်းရင်းသားပြည် သူလူထုအပေါ် ဝန်ထုပ် ဝန်ပိုး မဖြစ်စေရန် မူဝါဒ (၃) ချက်ချမှတ် ထားကြောင်း၊ ငြိမ်းချမ်းရေးမူ (၆)ချက်ကိုလည်း အသိပေး ထုတ်ပြန်ထား ပြီးဖြစ်ကြောင်း၊ မိမိတို့လိုလားသည့် ထာဝရ ငြိမ်းချမ်းရေးရရှိသည်အထိ ဆက်လက်လုပ်ဆောင် ရမည်ဖြစ်ကြောင်း။
မကြာမီကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း တပ်မတော် အနေဖြင့် လွတ်လပ်ပြီး တရားမျှတမှု ရှိရမည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ ကြိုတင်မဲပေးခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုရွေး ကောက် ပွဲ ကော်မရှင်၏ သတ်မှတ်ချက်များနှင့်အညီသာ ဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment