Wednesday, September 23, 2015

အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ၏ ပုဂံရှေးဟောင်းမြို့တော်၏ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကျင်းပ




နေပြည်တော် စက်တင်ဘာ ၂၃
အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ၏ ရှေးဟောင်းမြို့တော်များ ကွန်ရက်စီမံကိန်းအောက်တွင် ဆောင်ရွက်သည့် ပုဂံရှေးဟောင်းမြို့တော်၏ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်း ဆိုင်ရာအလုပ်ရုံဆွေးနွေး ပွဲဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် (၉)နာရီတွင် ပုဂံမြို့ဟောင်းရှိပုဂံဟိုတယ် ဧရာဝတီခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ အာဆီယံလူမှုရေး၊ ယဉ်ကျေးမှုအသိုက်အ၀န်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ အာဆီယံနိုင်ငံများမှ ရှေးဟောင်းသုတေသန ဆိုင်ရာသုတေသီများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တို့တက် ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ကြူက ယခုအလုပ်ရုံ ဆွေးနွေးပွဲကိုကျင်း ပရခြင်းသည် ရှေးဟောင်းသုတေသနနယ်ပယ်နှင့် ရှေးဟောင်း အမွေအနှစ်ဆိုင်ရာစီမံခန့်ခွဲမှု နယ်ပယ်တို့တွင် လုပ်ငန်းများဆောင်ရွက်နေကြသည့် ကျွမ်းကျင်ပညာရှင်များ၏ အတွေ့အကြုံများကို မျှဝေရန်နှင့် ပိုမိုချဲ့ထွင်နိုင်ရန် ဖြစ်ပါ ကြောင်း။
လူသားအချင်းချင်းဆက်သွယ်မှုကို မြှင့်တင်ပေးခြင်း၊ မိမိတို့ အသိုက်အ၀န်း များအကြားနားလည် မှုပိုမိုရရှိလာအောင် ဆောင်ရွက်ခြင်းနှင့် လူမှုရေးဆိုင်ရာကိစ္စ ရပ်များတွင် တာဝန်ယူဆောင်ရွက်မှုရှိသည့် အာဆီယံအသိုက်အ၀န်းပေါ်ပေါက်ရေး သည် ယခုအချိန်တွင် အလွန်အရေးကြီးနေပြီ ဖြစ်ပါကြောင်း၊ ယခုအစီအစဉ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သမိုင်းဆိုင်ရာ ရှုထောင့်များကိုအခြေခံပြီးအာဆီယံ ပြည်သူလူထုအကြားနားလည်မှုကိုပိုမိုနက်ရှိုင်းခိုင်မာစေမည်ဖြစ်ပါကြောင်း။
အာဆီယံဒေသသည် တိုးတက်လျက်ရှိပြီးဒေသဆိုင်ရာဗိသုကာပညာသည် လျင်မြန်စွာပြောင်းလဲလျက် ရှိပါကြောင်း၊ ထို့ကြောင့် အာဆီယံ၏ ယဉ်ကျေးမှု လက္ခဏကိုပိုမိုရင်းနှီးကျွမ်းမှုရှိစေခြင်း၊ သမိုင်း၊ ယဉ်ကျေး မှု၊ အနုပညာဓလေ့ ထုံးစံများနှင့် အာဆီယံဒေသ၏ တန်ဖိုးကိုပိုမိုနားလည်မှုရှိစေခြင်းတို့အတွက် မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ယခုအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြင့် ဒေသအတွင်းရှေးဟောင်း သုတေသနနှင့် ယဉ်ကျေးမှုအမွေအနှစ် ဆိုင်ရာနယ်ပယ်တွင် တာဝန်ထမ်းဆောင် နေကြသူများအကြားဆက်သွယ်မှု ကွန်ရက်တစ်ခုကို တည်ထောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုအမွအနှစ်ဆိုင်ရာ စီမံခန့်ခွဲမှု နယ်ပယ်တွင် ကြုံတွေ့နေရသည့် အဓိကစိန်ခေါ်အားစမ်းမှုများနှင့် ပြဿနာရပ်များကို စဉ်းစားသုံးသပ်နိုင်မည်ဟုယုံကြည်ပါကြောင်းဖြင့်ပြောကြားသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအာဆီယံ ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဋ္ဌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာကရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများကစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အာဆီယံရှေးဟောင်းမြို့တော်များကွန်ရက်စီမံကိန်းအောက်တွင် ဆောင်ရွက် သည့် ပုဂံရှေးဟောင်းမြို့ တော်၏ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲစက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိကျင်းပခဲ့သည်။

No comments:

Post a Comment