Thursday, August 6, 2015

မြန်မာနှင့်အမေရိကန် ကုမ္ပဏီတို့ပူးပေါင်း၍ ရာသီဥတုနှင့်ပတ်သက်သော စောင့်ကြည့်ခန့်မှန်း သတိပေးခြင်း စနစ်များ အသုံးပြုသွားမည်


ရန်ကုန် သြဂုတ် ၅

ယနေ့ ကမ္ဘာတစ်ဝန်းတွင် မိုးကြိုး ပစ်ခြင်း၊ မုန်တိုင်းကျရောက်ခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်း၊ မိုးသည်း ထန်စွာရွာသွန်းခြင်း စသည့် သဘာဝ ဘေးအန္တရာယ်တို့ကို ကြုံတွေ့နေရ လျက်ရှိသည်။


အဆိုပါ ရာသီဥတုဆိုးရွားနိုင်ခြေ များကို ထောက်လှမ်းခြင်းနှင့် ရာသီ ဥတုဆိုင်ရာ သတိပေးမှုစနစ်အား ဝန်ဆောင်မှုပေးသည့် အမေရိကန် အခြေစိုက် Earth Networksကုမ္ပဏီ နှင့် မြန်မာနိုင်ငံမှ Lucky Bird Group တို့ပူးပေါင်း၍ ရာသီဥတု အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန်Real-Time Lightening Detection Sensor များအား မြန်မာပြည်အနှံ့ ဖြန့်ကြက် တပ်ဆင်သွားမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်၌ ကျင်းပသည့် အခမ်းအနား မှ သိရသည်။

အရေးပါသည့် ရာသီဥတုအခြေ အနေအား စောင့်ကြည့်ခြင်း၊ ခန့်မှန်း ခြင်းနှင့် သတိပေးချက်ပေးပို့ခြင်း ဝန်ဆောင်မှုများကိုလည်း Analyti-cal Tool များနှင့် အချက်အလက်များ မှတစ်ဆင့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတိပေးစနစ်ကိုအချိန်နှင့်တစ်ပြေးညီ သိရှိနိုင်သော ရာသီ ဥတုလေ့လာချက်များ၊ ကြိုတင်ခန့်မှန်း ချက်များ၊ Proxy Weather Radar အား အသုံးပြုပြီး အများပြည်သူ လုံခြုံ ဘေးကင်းမှုကိစ္စများ၊ အရေးပေါ် အခြေအနေ အကူအညီပေးရေးအဖွဲ့ အစည်းများ၊ လေယာဉ်ဆိုင်ရာ လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများနှင့် အခြားရာသီဥတု ပြင်းထန်မှုဖြစ်ခြင်းကြောင့် ထိခိုက်မှု ရှိနိုင်သော လုပ်ငန်းများအတွက် ကြိုတင်ကာကွယ်မှုဖြင့် အသုံးပြုနိုင် မည်ဖြစ်ကြောင်း Lucky Bird Group of Companies ၏ ဥက္ကဋ္ဌ ဦးထင်အောင်ခိုင်က ပြောသည်။

''စိုက်ပျိုးရေးလုပ်ငန်းအနေနဲ့ အခြားလုပ်ငန်းတွေအတွက်လည်း မြန်မာနိုင်ငံရဲ့ မိုဘိုင်းအော်ပရေ တာတွေကတစ်ဆင့် ရာသီဥတုနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို မိုဘိုင်းဖုန်းတွေကတစ်ဆင့် မက်ဆေ့ခ်ျ ပေးပို့နိုင်ဖို့အတွက်လည်း စီစဉ်နေပါ တယ်။ ဒါ့အပြင် လုပ်ငန်းအမျိုးအစား တွေပေါ်မူတည်ပြီး လိုအပ်တဲ့ ဝန်ဆောင်မှုပေးသွားမှာပါ။ မိုးလေဝသ ဌာနကိုတော့ အဆင့်မြင့် နည်းပညာ တွေနဲ့ တိကျတဲ့အချက်အလက်တွေ ရရှိအောင် ပံ့ပိုးပေးသွားမှာ ဖြစ် ပါတယ်။ တစ်နိုင်ငံလုံးပျံ့နှံ့ဖို့ကတော့ တယ်လီနော အော်ပရေတာတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ အစီအစဉ် ရှိပါတယ်။ လူတိုင်းသုံးစွဲနိုင်တဲ့အနေ အထားအထိရောက်အောင် ဆောင် ရွက်သွားမှာပါ''ဟု Lucky Bird Group of Companies မှ ဒါရိုက် တာ ဒေါ်မေဖြူသွယ်က ပြောသည်။

Earth Networks ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌMr. Jim Anderson က '' ရရှိလာတဲ့ အချက်အလက်တွေက ပြည်သူလူထုနဲ့ အဖွဲ့အစည်းတွေ အတွက် အလွန်အဖိုးတန်တဲ့ သတင်း အချက်အလက်တွေဖြစ်လာမှာ ဖြစ်ပါ တယ်။

အများပြည်သူလုံခြုံမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်း တွေအတွက်လည်း ကောင်းမွန်တဲ့ သတိပေးမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာဖြစ်ပါတယ်''ဟု ပြော သည်။

မြန်မာနိုင်ငံတွင် အဆိုပါအစီအစဉ် ကိုလာမည့်နှစ် ဧပြီလအတွင်း လုပ် ဆောင်သွားရန် လျာထားကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ စနစ်တကျ ရွေးချယ်ထားသောနေရာများတွင် ထားရှိမည့်Sensor Network အသစ်များမှတစ်ဆင့် လက်ရှိဖြစ်ပေါ် နေသော ရာသီဥတုအခြေအနေနှင့် လျှပ်စီးလက်၍ မိုးကြိုးပစ်နိုင်သော အနေအထားများအား ထောက်လှမ်း ခြင်းဆိုင်ရာ အချက်အလက်များကို ရရှိနိုင်မည်ဖြစ်သည်၊ ထို့အပြင် မိုးသက် မုန်တိုင်းများအား ထောက်လှမ်းခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများကို စောင့်ကြည့်ခြင်းနှင့် ဆိုးရွားသော ရာသီဥတုအခြေအနေများအတွက် အသိပေးဝန်ဆောင်မှုများကိုလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

''ယခုလို ပူးပေါင်းဆောင်ရွက် မှုဟာ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံကြား စီးပွားရေးပေါင်း ဖက်မှုမှာ အပြုသဘောဆောင်ပြီး တိုးတက်မှုကို ပြသခြင်းလည်း ဖြစ်ပါ တယ်''ဟု အမေရိကန်သံရုံး(ရန်ကုန်)မှSenior Commercial Officer ဖြစ်သူ Mr. James Golsen က ပြောသည်။

မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံ များတွင် ယခုနည်းပညာအသစ်ကို ဖော်ဆောင်သော ပထမဆုံးနိုင်ငံ လည်းဖြစ်ကြောင်း၊Network လွှမ်းခြုံ မှုကိုလည်း နိုင်ငံ၏နယ်နိမိတ်ကျော် လွန်သည်အထိ ချဲ့ထွင်သွားမည်ဖြစ် ကြောင်း အဆိုပါအခမ်းအနားမှ သိရသည်။

(မြတ်စန္ဒီသင်းဇော်)

No comments:

Post a Comment