Saturday, August 8, 2015

ရေကြီးရေလျှံမှုကြောင့် မိုင်းပါလျှိုးထပ်ဆင့်လွှင့်စက်ရုံ ပျက်စီး




တာချီလိတ်၊ သြဂုတ် ၈

တာချီလိတ်ခရိုင်တွင် သြဂုတ်လ ၄ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်း ၍ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ကျိုင်းလပ်မြို့ မြေနိမ့်ပိုင်းတွင် ရေးများ ၀င်ရောက်ခဲ့ ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရုပ်မြင်သံကြား ထပ်ဆင့် လွှင့်စက်ရုံ ၊ မိုင်းပါလျှိုးစက်ရုံ မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာဝါတိုင် လဲခြင်း၊ TVRO စလောင်းလဲခြင်း၊ ၀န်ထမ်းအိမ်ရာ အဆောက်အဦများ ပျက်စီးခြင်းနှင့် လွှင့်စက်ခန်းပြိုပျက်ခြင်းများ ဖြစ်ပွားခဲ့သည်။


အဆိုပါ ရေကြီးရေလျှံမှုကြောင့် ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု နှင့် နမ့်ခင်းကျေးရွာ အုပ်စုများရှိကျေးရွာ(၇)ရွာမှလူနေအိမ် (၄၄)လုံး ရေမျော ပျက်စီးခြင်း၊ အိမ်ခြေ(၁၅၁)အိမ်မှ အိမ်ထောင်စု (၁၄၃)စုရှိ ကျား၊ မပေါင်း (၆၈၆)ဦး ရေဘေးသင့်ခံရကြောင်း သြဂုတ် ၇ ရက်နေ့အထိ စာရင်းအရ သိရှိရကြောင်း သတင်းရရှိသည်။


တာချီလိတ်ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment