Sunday, August 9, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စင်ကာပူနိုင်ငံ အမျိုးသားနေ့ သဝဏ်လွှာများပေးပို့

နေပြည်တော် သြဂုတ် ၉


၂၀၁၅ ခုနှစ် သြဂုတ်လ ၉ရက်တွင် ကျရောက်သော စင်ကာပူသမ္မတ နိုင်ငံထူထောင်သည့် နှစ် (၅၀)ပြည့် အမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ

စင်ကာပူ သမ္မတနိုင်ငံ သမ္မတ ဒေါက်တာတိုနီ တန် ကင်ယမ်းနှင့် ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးတို့ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့သည်။

No comments:

Post a Comment