ကောလင်း သြဂုတ်
၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့်
ဇူလိုင်လ ၁၇ရက်နေ့မှ စတင်ပြီး ကသာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကျော်ကျော်အုန်းနှင့်
ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲ မှုကော် မတီ ဥက္ကဌ ဦးရဲမြတ်တင့်နှင့်
မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်းပြီး ကယ်ဆယ်ရေး
လုပ်ငန်းများ အချိန်မှီဆောင်ရွက်နိုင်မှုကြောင့် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုလျော့နည်း ခဲ့ပါသည်။
ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်
ကသာခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးကျော်ကျော်အုန်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက
အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိပြီး ရေနစ်မြုပ်ခဲ့ သည့် ကျေးရွာများအားလုံး သို့ ထောက်ပံ့ငွေများနှင့် ပစ္စည်းများကို
ဖြန့်ဝေပေးပြီးဖြစ်ပါ သည်။ ရေနစ်မြုပ်ပျက်စီးခဲ့သော လယ်မြေများအတွက် မျိုးစပါး(၁၅၆၀၀) တင်းကိုထောက်ပံ့ဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။
လယ်မြေ (၅၀၃)ဧကနှင့် လက်ထွန်စက်(၅၈)စီး၊ ရေစုပ်စက် (၇၀)လုံးတို့ ကို အခမဲ့ထွန်ယက်ပြုပြင်ပေးနိုင်ခဲ့ပါသည်။
ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ကျန်းမာရေးဦးစီးဌာနမှ ၀မ်းပျက်၊
ဝမ်းလျှောရောဂါမဖြစ်ပွားစေရေးအတွက် ရေနစ် မြုပ်ခဲ့သော ကျေးရွာများအားလုံးရှိ ရေတွင်း(၅၄၆၉)တွင်း၊
တုံကင်(၄၃၁၅)တွင်းများကို ရေစုပ်ထုတ်ခြင်း၊ ဆေး ခတ်ခြင်း၊ ရေသန့်ဆေးထုပ်များကိုလည်း
ကျေးရွာများအားလုံးဖြန့်ဝေခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး အိမ်သာခွက်များကိုလည်း ကျေးရွာများအရောက်ထောက်ပံ့ဖြန့်ဝေပေးလျက်ရှိပါသည်။
ကျွဲနွား(၃၁၅)ကောင်ကိုလည်း မွေးမြူရေးနှင့်ကုသ ရေးဦးစီး ဌာနမှ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးနိုင်ခဲ့ပါသည်။
ရေကြီးရေလျှံကျေးရွာများရှိ ကျောင်းသားများကို ပုံနှိပ်စာအုပ်များနှင့်
စာရေးကိရိယာများကို နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးခဲ့ပါသည်။ ရေကြီးရေလျှံမှုများကြောင့်
ကောလင်းမြို့နယ်၌ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိဘဲ သွားလာရေး ပိုမိုအဆင်ပြေနိုင်ရေးအတွက်လည်း
လမ်းတံတားများကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီးကျေးရွာ (၂၄)ရွာရှိ ထရန်စဖော်မာ
(၁၃)လုံး ရေနစ်မြုပ်ခဲ့ရာ (၁၀)လုံးပြုပြင်ပြီးစီးပြီဖြစ်၍ ကျေးရွာ(၁၉)ရွာ လျှပ်စစ်မီး
ပန်လည် သုံးစွဲနိုင်ပြီဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်




No comments:
Post a Comment