Thursday, August 6, 2015

ကလေးဝ၊ မုံရွာ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ ရွှေကျင်နှင့် ချောက်မြို့များ စိုးရိမ်ရေမှတ်အောက် ကျဆင်းနိုင်



နေပြည်တော် သြဂုတ် ၅

ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့တွင် နှစ်ပေခွဲခန့်၊ မုံရွာမြို့တွင် သုံးပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ကလေးဝ မြို့နှင့် နောက်နှစ်ရက် အတွင်း မုံရွာမြို့တို့တွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်သည်။ 

ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေ သည် ပခုက္ကူမြို့တွင် တစ်ပေခွဲခန့်၊ ညောင်ဦးမြို့ တွင် လေးပေခွဲခန့်၊ မင်းဘူး မြို့တွင် သုံးပေခန့်၊ မကွေးမြို့တွင် နှစ်ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက် သို့ ကျော်လွန်နေပြီး နောက်နှစ်ရက်မှ သုံးရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်သည်။ 

ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် တစ်ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေပြီး နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည် ကျဆင်းနိုင်သည်။ 

ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းနိုင်သည်။ 

ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီ မြစ်ရေသည် ချောက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက် ရှိနေ သော်လည်း နောက်နာရီ အနည်းငယ်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အောက်သို့ ပြန်လည်ကျဆင်း သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

No comments:

Post a Comment