နေပြည်တော် သြဂုတ် ၅
ယနေ့
မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် အောင်လံမြို့တွင် နှစ်ပေခွဲခန့်၊
ပြည်မြို့နှင့် ဆိပ်သာမြို့တို့တွင် နှစ်ပေခန့်စီ၊ ဟင်္သာတမြို့တွင် သုံးပေခွဲခန့်၊ ဇလွန်မြို့တွင်
သုံးပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် သုံးပေခွဲခန့် ယင်းမြို့များ၏
စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေသည်။ နောက်နှစ်ရက်အတွင်း ပေဝက်ခန့် ဆက်လက် တက်လာနိုင်ပြီး
ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့
မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် သုံးပေခန့်
ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေသည်။ နောက်သုံးရက်အတွင်း တစ်ပေခန့်ကျဆင်းနိုင်ပြီး
ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနိုင်သည်။
No comments:
Post a Comment