Wednesday, August 5, 2015

စစ်ကိုင်း-မုံရွာ ညောင်ပင်ဝန်းရွာအ၀င်တွင် (၃)လက်မခန့် ရေလွှမ်း

မုံရွာ သြဂုတ် ၅

ဧရာဝတီမြစ်ရေသည် (၄-၈-၂၀၁၅) ရက် ညနေ (၆) နာရီမှ (၅-၈-၂၀၁၅) နေ့ နေ့လည် (၁၂)နာရီအတွင်း၌ စစ်ကိုင်းမြို့တွင် (၃၃) စင်တီမီတာ ကျဆင်းပြီး၊ မြင်းမူနှင့် မြောင်မြို့နယ်တို့တွင် (၂၁) စင်တီမီတာစီ ကျဆင်းနေပါသည်။ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာတွင် မူးမြစ်ရေသည် ယနေ့ နေ့လည် (၁၂) နာရီတိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်  အထက်(၄)ပေသို့ ရောက်ရှိနေခြင်းကြောင့် (၃) လက်မခန့် လျော့နည်းနေပါသည်။


စစ်ကိုင်း-မုံရွာ ကားလမ်း ညောင်ပင်ဝန်းရွာအ၀င် မိုင်တိုင်အမှတ် (၃၇/၆)မှ (၃၈/၂) အကြား ရေကျော်တံတားအမှတ် (၂/၃၉)တို့တွင် (၃) လက်မခန့် ရေလွှမ်း နေသော်လည်း လမ်းပိတ်ထားရခြင်း မရှိသေးဘဲ ကားများ၊ ဆိုင်ကယ်များ ဖြတ်သန်း မောင်းနှင်နိုင်ပြီး ကတ္တရာလမ်းပေါ်တွင် ရေတင်ခြင်းမရှိကြောင်း စစ်ကိုင်းခရိုင် အတွင်း (၅-၈-၂၀၁၅) ရက်နေ့တွင် တိုင်းထွာချက်အရ မိုးရွာသွန်းခြင်း မရှိကြောင်း သတင်းရရှိသည်။


(တိုင်းဒေသကြီး/ပြန်ဆက်)

No comments:

Post a Comment