ရန်ကုန် သြဂုတ် ၁၁
မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင် ဆောင်သူများကို ပြည်ဝင်ဗီဇာ နှစ် ပတ်အကြာ အပြန်အလှန်ကင်းလွတ် ခွင့်ပြုပေးနေပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး (လေဆိပ်တာဝန်ခံ အရာရှိ) ဦးမောင်မောင်က ပြော သည်။
''အခုလို နှစ်ပတ်ကြာ ဗီဇာကင်း လွတ်ခွင့်ပြုလိုက်တဲ့အတွက် လေ့လာ ရေးခရီးနဲ့ ဈေးဝယ်ထွက်မယ့်သူတွေ အတွက် အဆင်ပြေမယ်ထင်ပါတယ်။ ဗီဇာကင်းလွတ်ခွင့် ပေးလိုက်တဲ့ အတွက် နှစ်နိုင်ငံခရီးသွားလာရေး လုပ်ငန်းတွေလည်း တိုးတက်လာ နိုင်တယ်။ နှစ်ပတ်ကျော်နေမယ့် သူတွေအနေနဲ့ကတော့ အရင်အတိုင်း ပဲ ဗီဇာလိုပါတယ်။ အရင်တုန်းက အထူးနိုင်ငံကူးလက်မှတ်တွေသာ ဗီဇာ မလိုဘဲသွားလို့ရတာပါ။ အခုတော့ သက်ဆိုင်ရာ လေဆိပ်တွေက တစ်ဆင့် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကို ၁၄ ရက် အကြာ ဗီဇာမလိုဘဲ အပြန်အလှန် ဝင်ထွက်ခွင့် ပြုပေးနေပါပြီ''ဟု ၎င်းကပြောသည်။
အဆိုပါနှစ်နိုင်ငံ ဗီဇာကင်းလွတ် ခွင့်ကို ဇူလိုင် ၂၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် ပူးတွဲကော်မရှင် အစည်းအဝေးတွင် သဘောတူစာချုပ် ကို လက်မှတ်ရေးထိုးခဲ့ပြီး သြဂုတ် ၁၁ ရက်မှစတင်၍ ခွင့်ပြုပေးနေပြီ ဖြစ်ကြောင်း သိရသည်။
ထိုသို့ခွင်ပြုမှုအပေါ် ထိုင်းနိုင်ငံ သိုသွားရောက်မည့် ချောင်းဆုံမြို့နယ် မှ ကိုဉာဏ်စိုးကလည်း ''အခုလို ဗီဇာ ကင်းလွတ်ခွင့်ပေးတာ အများကြီး ကောင်းတယ်။ ဗီဇာကိစ္စနဲ့ ပတ်သက် ပြီး လုပ်စရာမလိုတော့ဘူး။ ငွေကုန် သက်သာသွားတာထက် အလွယ် တကူ သွားလို့ရတာကြောင့် ပိုအဆင် ပြေတယ်။ တကယ်ဆိုရင် တရားဝင် နယ်စပ်ဂိတ်တွေမှာလည်း ဗီဇာကင်း လွတ်ခွင့် ပေးသင့်တယ်။ အာဆီယံ နိုင်ငံအချင်းချင်း ဗီဇာမလိုဘဲ သွားလို့ ရနိုင်တဲ့အဆင့်အထိ ဆက်လက် ဆောင်ရွက်သင့်ပါတယ်''ဟု ပြော သည်။
ဇူလိုင်လအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံ သား ၄၅၅၃၃ ဦးနှင့် နိုင်ငံခြားသား ၆၂၄၁၆ ဦး ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံ သား ၄၃၉၈ဝ နှင့် နိုင်ငံခြားသား ၆၃၈၉၆ ဦးတို့ ထိုင်းနိုင်ငံမှတစ်ဆင့် ရောက်ရှိလာခဲ့ရာ ထိုင်းနိုင်ငံသား ၁ဝ၈၁၆ ဦး ပါဝင်ခဲ့ကြောင်း ၊ ၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသား ၅၇၃၂၈၂ ဦး၊ နိုင်ငံခြားသား ၈၈ဝ၈၃၈ ဦး ထိုင်းနိုင်ငံသို့ ထွက်ခွာ သွားခဲ့ပြီး မြန်မာနိုင်ငံသား ၅၈၇၈ဝ၄ ဦး၊ နိုင်ငံခြားသား ၈၇၂၈၇၅ ဦး ပြန် လည်ဝင်ရောက်ခဲ့ကြောင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ သိရ သည်။
သတင်းနှင့်ဓာတ်ပုံ
ဇော်ကြီး(ပဏီတ)

No comments:
Post a Comment