Wednesday, August 12, 2015

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆက်လက်ကျင်းပမည့်နေ့ရက် ထုတ်ပြန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ပြည်သူ့လွှတ်တော်
ကြေညာချက်အမှတ် (၃/၂၀၁၅)
၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆို လပြည့်ကျော် ၁၁ ရက်
(၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်)
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက် ထုတ်ပြန်ခြင်း

၁။ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်(တနင်္လာနေ့)တွင် ပြုလုပ်ရန် ကြေညာထားသည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို နိုင်ငံတစ်ဝန်း ဒေသအတော်များများ၌ သဘာဝဘေးအန္တရာယ် ကျရောက်မှု အခြေအနေ များအရ ရွှေ့ဆိုင်းပါကြောင်းနှင့် ပြန်လည်ကျင်းပမည့်နေ့ရက်ကို ထပ်မံအသိပေးမည်ဖြစ်ကြောင်း ဤရုံး၏ ၃၁-၈-၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၂/၂၀၁၅)ဖြင့် အသိပေးထုတ်ပြန်ခဲ့ပါသည်။


၂။ ယခုအခါ သက်ဆိုင်ရာ အဖွဲ့အစည်းများက ကယ်ဆယ်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသကဲ့သို့ လွှတ်တော် အနေဖြင့်လည်း ဆောင်ရွက်ရမည့် ဥပဒေကြမ်းများ အပါအဝင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ အချိန်မီ ဆက်လက်ဆောင်ရွက်ရန် လိုအပ်လျက် ရှိပါသည်။

၃။ သို့ပါ၍ ခေတ္တရွှေ့ဆိုင်းထားသည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီအချိန်တွင် ပြန်လည်ကျင်းပမည် ဖြစ်ပါသဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံး တက်ရောက်ပါရန် ဖိတ်ကြားပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

(ပုံ) သူရရွှေမန်း
ဥက္ကဋ္ဌ

No comments:

Post a Comment