နေပြည်တော်
သြဂုတ် ၉
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်
ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်
(လေ)ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊
အနောက် မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကလေးတပ်နယ်နှင့် ကျီကုန်းတပ်နယ် မှ တပ်မတော်အရာရှိကြီးများနှင့်
အတူ ယနေ့နံနက် ၈ နာရီတွင် ကျီကုန်းတပ်နယ်ရှိ ရေဝင်ရောက်ခဲ့ သော တပ်ရင်း၊ တပ်ဖွဲ့များ၏
အခြေအနေကို သွားရောက်ကြည့်ရှု သည်။
ရှေးဦးစွာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ
သည် ညောင်ပင်သာရပ်ကွက်၊ ပင်လုံ ရပ်ကွက်၊ ကလေး-ကလေးဝ ကားလမ်းပေါ်နှင့် ပတ်ဝန်းကျင် လယ်မြေများတွင်
နုန်းများ တင်ကျန် နေမှု အခြေအနေကို လိုက်လံကြည့်ရှု ပြီး ကလေး-ကလေးဝ ကားလမ်း ပေါ်တွင်
တင်ကျန်နေသောနုန်းများ ကို နယ်မြေခံတပ်မတော်သားများက ရှင်းလင်းဆောင်ရွက်နေမှု အခြေ
အနေများကို ကြည့်ရှုအားပေးသည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်
ကျီကုန်းတပ်နယ်ရှိ ရေဝင်ရောက်ခဲ့ သော တပ်ရင်း၊တပ်ဖွဲ့များသို့ သွား ရောက်၍ တပ်ဧရိယာများအတွင်း
ရေဝင်ရောက်ခဲ့ မှု၊ ရေကျ သွားချိန်တွင် နုန်းများကျန်ရှိနေမှုနှင့် ရေဝင် ရောက်သောလိုင်းခန်းများမှ
မိသားစု များ ရွှေ့ပြောင်းနေရာချထားမှုနှင့် စားသောက်နေ ထိုင်မှုအခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး
မိသားစုများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြားကာ စားသောက် ဖွယ်ရာများ
ပေးအပ်သည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်
များသည် ကျီကုန်းကျေးရွာအနီး ရာဇဂီရိတောင်ပေါ်ရှိ ရေဆန်ကျွန်း ဘုရားသို့ သွားရောက်၍
ရေဆန်ကျွန်း မြတ်ဗုဒ္ဓရုပ်ပွားတော်ကို ပန်း၊ ဆီမီးနှင့် ရေချမ်း ဆက်ကပ်လှူဒါန်းပြီး
အလှူ ငွေများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ နံနက် ၁ဝ နာရီ တွင် ကလေးတပ်နယ်ခန်းမ၌ ရေဘေး သင့်ပြည်သူများအတွက်
ထောက်ပံ့ ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊
ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊
ကလေးမြို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ ရှင်အလှူရှင်များနှင့် ဒေသခံပြည်သူ များ
တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ရာသီဥတုပြောင်း
လဲမှု ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝ ဘေးဒဏ်များကို ကမ္ဘာနှင့် အဝန်း ရင်ဆိုင်ကြုံတွေ့နေရပါ
ကြောင်း၊ ကလေးဒေသနှင့် ချင်း ပြည်နယ်အတွင်း ထူးကဲမိုးရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှု၊
မြေပြိုမှု စသည့် သဘာဝဘေး ဒဏ်များကြုံတွေ့ ခံစားရခြင်းအတွက် နိုင်ငံတော်အစိုးရ နှင့်
တပ်မတော် အနေဖြင့် ကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်နိုင်သည့်
အတိုင်းအတာအရ စွမ်းအားပြည့် ဆောင် ရွက်နေ ပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ပြန်လည်
ထူထောင် ရေး ကာလ ခြောက်လခန့် ထောက်ပံ့မှု များပြုလုပ်ပေးရန် စီစဉ်ဆောင် ရွက် နေသကဲ့သို့
တပ်မတော်အနေဖြင့် လည်း ထုတ်နုတ်နိုင်သည့် လူအင်အား၊ စက်ယန္တရားပစ္စည်းများ၊ လေယာဉ်၊ ရဟတ်ယာဉ်၊
မော်တော် ယာဉ်များဖြင့် အင်တိုက်အားတိုက် ပူးပေါင်းကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊
လက်ရှိ အဓိကအခက် အခဲမှာ ရေကျသွားချိန် ကျန်ရှိနေသည့် နုန်းများ၊ သစ်ကိုင်းသစ်ခက်နှင့်
အမှိုက်သရိုက်များကို သန့်ရှင်းရေး လုပ်ဆောင်ရန်ဖြစ်ကြောင်း၊ ယင်း လုပ်ငန်းများကို တပ်မတော်အပိုင်းက
လူအင်အား ထုတ်နုတ်ဆောင်ရွက် နေပြီး ရေစုပ်စက်၊ မီးစက်များ ထပ်မံ ပို့ဆောင်ပေးလျက်ရှိကြောင်း၊
ဒေသခံ များကလည်း ကိုယ့်အပိုင်းနှင့်ကိုယ် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ဆက်လက်ပြီး
ရေကောင်း ရေသန့်ရရှိရေးအပါအဝင် ကျန်းမာ ရေး ထိခိုက်စေနိုင်သည့် ကိစ္စရပ်များ ကို ဝိုင်းဝန်း
ကာကွယ် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကလေးခရိုင် စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက ရေဘေး
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး
ဝန်ကြီးချုပ်က လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လူသုံးကုန် ပစ္စည်းများကိုပေးအပ်ရာ
တိုင်း ဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူ ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ဇနီး ဒေါ်ကြူကြူလှက
အဝတ် အထည်များကို လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး သူရသက်ဆွေက
ခေါက်ဆွဲခြောက် ထုပ်များကိုလည်း ကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်က
ကြက်ဥ များကို လည်းကောင်း၊ 4 TV နွေးထွေး သောကမ်းလက်များ မိသားစုက ပစ္စည်းစုံသေတ္တာများကို
လည်း ကောင်း ပေးအပ်ကြရာ ကယ်ဆယ် ရေး စခန်းတာဝန်ခံများက အသီး သီး လက်ခံရယူကြသည်။
အခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့်
အဖွဲ့ဝင်များသည် တက်ရောက် လာကြသော ဌာနဆိုင်ရာ များနှင့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး
လိုက်လံနှုတ်ဆက်ကြသည်။
နေ့လယ်ပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ချင်းပြည်နယ် ဖလမ်းမြို့သို့ရောက်ရှိ ကြပြီး နယ်မြေခံတပ်ရင်းခန်းမ၌
ဖလမ်းမြို့ရှိ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံသည်။ ထိုသို့
တွေ့ဆုံစဉ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သဘာဝဘေးဒဏ်များနှင့်ပတ်သက် ပြီး ကြိုတင်ပြင်ဆင်ထားသင့်သည့်
ကာကွယ်ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင် ရွက်ရန်၊ အရန်ထားရှိသင့်သည့် အစားအစာ၊ ရေ၊ ရိက္ခာပစ္စည်းများကို
အသင့်စုဆောင်းထားရှိရန်၊ စည်းလုံး ညီညွတ်မှုအင်အားဖြင့် တစ်ဦးနှင့် တစ်ဦး ဖေးမကူညီလုပ်ကိုင်ဆောင်
ရွက်ကြရန်၊ တပ်မတော်သားဘဝကို တန်ဖိုးထားပြီး နိုင်ငံတော်ကို အစဉ် အမြဲအကျိုးပြုနေသည့်
အဖွဲ့အစည်း အဖြစ်နှလုံးသွင်း၍ လုပ်ငန်းတာဝန် များကို ယခုထက် ပိုမိုကြိုးပမ်းဆောင် ရွက်သွားကြရန်
မှာကြားသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကြက်ဥ၊ ကိတ်မုန့်နှင့်
စားသောက်ဖွယ်ရာများ ကို ထောက်ပံ့ပေးအပ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက မိခင်
နှင့်ကလေး စောင့်ရှောက်ရေးအသင်း အတွက် ထောက် ပံ့ငွေများ ပေးအပ် သည်။ ထို့နောက် တပ်မတော်
ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး
လိုက်လံနှုတ်ဆက်သည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်
အဖွဲ့ဝင် များသည် ဖလမ်းမြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုကြသည်။ ဆက်လက်၍
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် တီးတိန်မြို့သို့ ရောက်ရှိ ကြပြီး
နယ်မြေခံတပ်ရင်းခန်းမ၌တီးတိန်မြို့ရှိ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ
အား တွေ့ဆုံ ၍ ပြည်သူမှ အားကိုးရသည့်၊ တိုင်းပြည်မှ အားထားရသည့် တပ်မတော်ဖြစ်စေရေး
အတွက် တစ်ဦး ချင်းစွမ်းရည်မြင့်မားရေးမှသည် တပ် များ စွမ်းရည်မြင့်မားရေးဆီသို့ တိုးမြှင့်၍
ကြိုးစားလုပ်ဆောင်သွား ကြရန် မှာကြားသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊
မိသားစုများအတွက် ထောက်ပံ့ ပစ္စည်းများကို လည်း ကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက
မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းအတွက် ထောက်ပံ့ငွေများကို လည်းကောင်း၊ အဖွဲ့ဝင်များက
ထောက်ပံ့ပစ္စည်းများ ကိုလည်း ကောင်း အသီးသီးပေးအပ် ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment