Monday, August 10, 2015

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ



နေပြည်တော်၊ သြဂုတ် ၁၀

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်အား ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် ရေဘေးသင့် ပြည်သူများအား ကယ်ဆယ် ကူညီ ထောက်ပံ့ရေး၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး၊ လယ်ယာ ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍနှင့် ယဉ်ကျေးမှု ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှု ကဏ္ဍများ ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ ရွှေလီ - ကျောက်ဖြူ စီးပွားရေး စင်္ကြန်ဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ- တရုတ် ချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မာရေးတို့ကို ဆွေးနွေးခဲ့ကြသည်။


အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ သမ္မတနှင့်အတူ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် တင်အောင်ချစ်၊ ဦးသန့်ကျော်၊ ဒေါက်တာ စန်းလွင်၊ ဦးဘုန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment