နေပြည်တော် သြဂုတ် ၁၀
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် မြန်မာနိုင်ငံ
ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်းလျန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား
ယနေ့မွန်းလွဲ(၂)နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ရေဘေးသင့် ဒေသများ၌ ကူညီ ကယ်ဆယ်ရေးနှင့်
ရေရှည်ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ပိုမို ပူးပေါင်း ဆောင်ရွက်ရေး၊ တရုတ်-
မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု တိုးမြှင့် ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ စီးပွားရေးနှင့်
ယဉ်ကျေးမှုများ ဖလှယ်ရေး၊ အပြန်အလှန် ချစ်ကြည်ရေးခရီး လည်ပတ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍
ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယ သမ္မတနှင့်အတူ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်၊ ဦးမော်သာထွေးနှင့်
ဦးအောင်ထူးတို့ တက်ရောက်ကြသည်။


No comments:
Post a Comment