Friday, August 7, 2015

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း အသစ်လျှောက်ထားခြင်း များနှင့် သက်တမ်းတိုးခြင်းများအား ခွင့်ပြုပေးနေမှုအခြေအနေ

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့် ခွဲရေးကော် မတီကပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အသစ်လျှောက် ထားခြင်း၊ ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့်ထုတ်ဝေ သူများမှတ်ပုံတင်ဥပဒေအရ ထုတ်ပေးထားသည့် မှတ်ပုံတင်သက်သေခံ လက်မှတ်ရရှိထားသူများ၏ သက်တမ်းတိုးလျှောက်ထားခြင်း၊ လုပ်ငန်း
အမည်ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ထုတ်ဝေသူအမည်ပြောင်း လျှောက်ထားခြင်းတို့ကို စီမံခန့် ခွဲရေးကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေးလျက်ရှိပါသည်။
 ထိုသို့ဆောင်ရွက်ပေးခဲ့ရာ ( ၇ - ၈ -၂၀၁၅)ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီး ဌာနစီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင်ထုတ်ဝေသက်တမ်းတိုး(၂)ဦး၊ ပုံနှိပ်လုပ်ငန်းအသစ် လျှောက်(၁၁)ဦး၊ ထုတ်ဝေခွင့် အတွက် အသစ်လျှောက်ထားသူ ဂျာနယ်ထုတ်ဝေခွင့် (၆)ဦး ၊ မဂ္ဂဇင်းထုတ်ဝေခွင့် (၆)ဦး၊ အထွေထွေထုတ် ဝေခွင့် (၁၃)ဦးနှင့် ပေါင်းလုပ်ငန်းအသစ် (၂၅)ဦး တို့အားလည်းကောင်း၊ ပုံနှိပ်သူအမည်ပြောင်း(၁)ဦး၊ ပုံနှိပ်လုပ်ငန်း လိပ်စာပြောင်း (၂)ဦး၊ ဂျာနယ်လိပ်စာပြောင်း(၄)ဦး၊ စာပေတိုက်အမည်ပြောင်း(၁)ဦး တို့အားလည်း ကောင်းအသိ အမှတ်ပြုလက်မှတ်များထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါ သည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်မှ စ၍ ယနေ့အထိ ပုံနှိပ်လုပ်ငန်းအတွက် သက်တမ်းတိုး(၁၀၃၁)ဦးနှင့် အသစ်လျှောက်ထားသူ (၂၂၀)ဦး၊ ထုတ်ဝေခြင်း လုပ်ငန်း အတွက် သက်တမ်းတိုး  (၉၈၈)ဦး နှင့် အသစ်လျှောက်ထားသူ (၅၀၇)ဦး၊ သတင်းအေဂျင်စီ လုပ်ငန်း အသစ်လျှောက် ထားသူ(၁၇)ဦး၊ စုစုပေါင်းပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်(၂၇၆၃)စောင်အားစိစစ် ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါ သည်။ 
ဂျာနယ်ထုတ်ဝေခွင့် အသစ်လျှောက်ထားသူတစ်ဦးနှင့် ပုံနှိပ်သက်တမ်းတိုး လျှောက်ထား သူတစ်ဦးတို့ကို အချက်အလက်များ စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါ သည်။
ပြန်ကြားရေးဝန်ကြီးဌာန




No comments:

Post a Comment