Wednesday, August 5, 2015

မစ္စရန်ဟီလီ လက်ပံတန်းမြို့နှင့် သာယာဝတီအကျဉ်းထောင်သို့ သွားရောက်လေ့လာပြီး ရန်ကုန်မြို့တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံ





ရန်ကုန် ၊ သြဂုတ် ၊ ၅

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင် ခံစာတင်သွင်းသူ မစ္စ ရန်ဟီလီသည် ယနေ့ နံနက်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ မြို့သို့ရောက်ရှိ၍ ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။


ထို့နောက် မစ္စရန်ဟီလီသည် လက်ပံတန်းမြို့သို့ရောက်ရှိ၍ အောင်မြေဗိမာန် ကျောင်းတိုက်အတွင်း ကြည့်ရှုလေ့လာကာ သာယာဝတီ အကျဉ်းထောင်သို့ သွားရောက်ခဲ့ပြီး အကျဉ်းထောင်တာဝန်ရှိသူများနှင့် အကျဉ်းသူ အကျဉ်းသားများကို တွေ့ဆုံခဲ့သည်။

နေ့လယ်ပိုင်းတွင် မစ္စရန်ဟီလီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် လည်းကောင်း ရခိုင်ပြည်နယ်၊ ပြည်နယ်အဆင့်အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာမှ တာဝန်ရှိသူများ၊ ရခိုင် တိုင်းရင်းသားမြို့မိမြို့ဖများနှင့်လည်းကောင်း တွေ့ဆုံပြီးရခိုင်ပြည်နယ်၏ လက်ရှိဖြစ်ပေါ် နေသည့်အခြေ အနေများနှင့်ပတ်သက်၍ုဆွေးနွေးခဲ့သည်။
ညနေပိုင်းတွင် မစ္စရန်ဟီလီနှင့်အဖွဲ့သည် ရန်ကုန်မြို့ကမ်းနားလမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတွင် အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သဘာဝဘေးသင့် ပြည်သူများအတွက် မစ္စရန်ဟီလီနှင့်အဖွဲ့မှ တစ်ဦးချင်းအလှူငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ 


( သတင်းစဉ် )

No comments:

Post a Comment