Friday, August 7, 2015

မြန်အောင်မြို့နယ်ရှိ ဧရာဝတီမြစ်အတွင်း မြေနုကျွန်းများတွင် နေထိုင်သော ကျေးရွာအုပ်စုများအား ရေသန့် ဆေးထုတ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

မြန်အောင်  သြဂုတ် ၆



မြန်အောင်မြို့နယ်ရှိ ဧရာဝတီမြစ်အတွင်း မြေနုကျွန်းများတွင် နေထိုင်သော ကျေးရွာအုပ်စုများအား သြဂုတ်လ ၆ ရက် နေ့က ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့ ဒုတိုင်းရဲမှူး ရဲမှူးကြီးသက်လွင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းမင်းထွန်း၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းဖေ တို့နှင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ ကျန်းမာရေး ၀န်ထမ်းများက ရေသန့်ဆေးထုတ်များဖြန့်ဝေခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ၊ကျေးရွာမှ ရေလွတ်ရာ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ နေထိုင်လိုသူများ ရှိ /မရှိ ကျေးရွာများအတွင်း လိုက်လံမေးမြန်းကြပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပရဟိတ လူမှုရေးအဖွဲ့များ လာရောက်လှူဒါန်းရာတွင် အဆင်ပြေစေရန်ဆောင်ရွက်ပေးခဲ့ကြသည်။
မြန်အောင်မြို့ရှိ ဧရာဝတီမြစ်အတွင်း မြေ နုကျွန်းများတွင်နေထိုင်သော အမှတ်(၁)ရပ်ကွက် ရေလယ်ကျွန်း၊ အမှတ်(၃)ရပ်ကွက် ရေလယ်ကျွန်း၊ ပဲတခွဲအုပ်စု၊ မဲခင်ချောင်အုပ်စု၊ ညောင်ဝိုင်းအုပ်စုနှင့် သပြေကုန်းအုပ်စုရှိ ကျေးရွာ အချို့သည် ဧရာဝတီမြစ်ရေမြင့်တက်လာခြင်းသည် ရက်ကြာလာပါက သောက်သုံးရေသန့်နှင့်အစားအသောက်လိုအပ် ကျန်းမာရေးစောင်ရှောက်မှုများလိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment