Thursday, August 27, 2015

ကျောင်းကုန်းမြို့တွင် လယ်ယာသုံးစက်ကိရိယာများ အခမဲ့ကွင်းဆင်းပြုပြင်ပေး


ကျောင်းကုန်း ဩဂုတ် ၂၇
ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးခဲ့သော လယ်မြေ များရှိ သီးနှံများ အချိန်မီစိုက်ပျိုး နိုင်ရေးအတွက် ကျောင်းကုန်းမြို့ စက်မှုလယ်ယာ ဝန်ထမ်းများသည် လယ်မြေထိခိုက်ပျက်စီး သည့် ကျေးရွာ များရှိ တောင်သူပိုင် စက်ကိရိယာများအား အခမဲ့ကွင်းဆင်း ပြုပြင်ပေး လျှက်ရှိသည်။


ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု၊ မြို့နယ်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ရောက်ရှိလာသော စက်ပြင်ဆရာ(၅)ဦးနှင့်အတူ ဦးသန်းထိုက်၊ ဦးဝင်းခိုင်ဦး တို့လိုက်ပါလျှက် ဝက်ခြံဂရက် ကျေးရွာရှိ ရေတင်စက် (175)တစ်လုံး၊ (180)နှစ်လုံး ပြုပြင်ပေးခဲ့သည်။ ဆက်လက်၍ ကျန်ရှိသော ကျေးရွာများသို့ ပြုပြင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment