Thursday, August 27, 2015

ကန်ကြီးထောင့်နှင့် သာပေါင်းမြို့နယ်ရှိ ကျေးရွာများသို့ အလှူရှင်များလာရောက်လှူဒါန်း



ကန်ကြီးထောင့် သြဂုတ် ၂၅ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဒါးကမြစ်ရေမြင့်တက်လာမှုကြောင့် လူနေအိမ်များ ရေ၀င်နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများသို့ ဝေဠုကျော် ဖောင်ဒေးရှင်းမှ ဆန်အိတ် (၁၃၅) အိတ်အား သြဂုတ်လ ၂၀  ရက်နေ့တွင်လည်းကောင်း၊ မုဒိတာ ပရဟိတအဖွဲ့မှ သြဂုတ်လ ၂၂ ရက် နေ့မှ သြဂုတ်လ ၂၅ ရက်နေ့အထိ ကန်ကြီးထောင့်မြို့၊ အမှတ် () ရပ်ကွက်ရှိ မင်္ဂလာရာမ ကျောင်းတိုက်ဝန်းရှိ ရွှေရတု ခန်းမ ဆောင်တွင် ဗုဒ္ဓဓမ္မ လူမှုကူညီရေးအဖွဲ့မှ ဥက္ကဌ ဆရာတော် ဥူးကောဝိဒ၏ ဦးဆောင်မှုဖြင့် ကန်ကြီးထောင့် မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့ရှိ ကျေးရွာများသို့ ကိုယ်တိုင်လက်ရောက် ကျေးရွာများအထိ ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ အ၀တ်အထည်၊ ငါးသေတ္တာနှင့် အခြားလူသုံးကုန်ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မြို့နယ်-ပြန်/ဆက်

No comments:

Post a Comment