Wednesday, August 12, 2015

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက် ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်ရုံး
ကြေညာချက်အမှတ်(၂/၂ဝ၁၅)
၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၁ ရက်
(၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်)
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက် ထုတ်ပြန်ခြင်း

၁။ ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၁ဝ ရက်(တနင်္လာနေ့)တွင် ပြုလုပ်ရန်ကြေညာထားသည့် ပြည်ထောင်စု လွှတ်တော်ပုံမှန်အစည်းအဝေးကို နိုင်ငံတစ်ဝန်း ဒေသအတော်များများ၌ သဘာဝဘေးအန္တရာယ်ကျရောက်မှု အခြေအနေများအရ ရွှေ့ဆိုင်းပါကြောင်းနှင့် ပြန်လည်ကျင်းပမည့်နေ့ရက်ကို ထပ်မံအသိပေးမည်ဖြစ်ကြောင်း ဤရုံး၏ ၃-၈-၂ဝ၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၁/၂ဝ၁၅)ဖြင့် အသိပေးထုတ်ပြန်ခဲ့ပါသည်။


၂။ ယခုအခါ သက်ဆိုင်ရာအဖွဲ့အစည်းများက ကယ်ဆယ်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သကဲ့သို့ လွှတ်တော်အနေဖြင့်လည်း ဆောင်ရွက်ရမည့် ဥပဒေကြမ်းများအပါအဝင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ အချိန်မီဆက်လက် ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။

၃။ သို့ပါ၍ ခေတ္တရွှေ့ဆိုင်းထားသည့် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးကို ၂ဝ၁၅ ခုနှစ်၊ သြဂုတ် လ ၁၈ ရက်(အင်္ဂါနေ့)မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပါသဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး တက်ရောက်ပါရန် ဖိတ်ကြားပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

(ပုံ) သူရရွှေမန်း

နာယက

No comments:

Post a Comment