Friday, August 7, 2015

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ပူးတွဲသတင်းထုတ်ပြန်ချက်



၂၀၁၅ခုနှစ်၊သြဂုတ်လ(၇)ရက် ရန်ကုန်မြို့
၁။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ၏ ကိုယ်စားလှယ်အဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့တို့သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် သဘောတူ စာချုပ်မူကြမ်း အပေါ် (၉) ကြိမ်မြောက် ညှိနှိုင်းဆွေးနွေး ခြင်းကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၆) ရက်မှ (၇) ရက်နေ့အထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာနတွင် ပြုလုပ်ခဲ့ပါသည်။

၂။တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် ပါရှိသည့် အချက်အလက်များ အနက် ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိစ္စမှအပ စာချုပ်ပါ အချက်အလက် အားလုံးကို ညှိနှိုင်းသဘောတူညီမှုရရှိခဲ့သည်။
၃။နှစ်ဖက်သဘောတူညီမှုရရှိထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ပါ အချက်အလက် များကို ပြည်သူ အားလုံး သိရှိနိုင်ရေးအတွက် ထုတ်ပြန်ရန် နှစ်ဖက်သဘောတူသည်။
၎။ ဤဆွေးနွေးပွဲသို့တက်ရောက်ကြသည့် နှစ်ဖက်ကိုယ်စားလှယ်များသည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အမြန်ဆုံး ချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေး ပွဲများကို အမြန်ဆုံးကျင်းပကာ ရေရှည်တည် တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

No comments:

Post a Comment