Friday, July 31, 2015

နေပြည်တော် ၀ါဆိုလပြည့် စည်ကားများပြား





“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ နှုတ်မြွက်သံချို လ၀ါဆို” ဆိုသည့်အတိုင်း ၀ါဆို လပြည့်နေ့သည် ဗုဒ္ဓဘာသာ ၀င်တို့၏ အထွဋ်အမြတ် ထားရာ ဂေါတမ မြတ်စွာဘုရားရှင် ပဋိသန္ဓေ ယူတော်မူသောလ၊ တောထွက် တော်မူ သောလ၊ ဓမ္မစကြာ တရားဦးဟော တော်မူသောလ ဤနေ့ထူး နေ့မြတ် ဂုဏ်သုံးထပ်နှင့် ပြည့်စုံပေသည်။

ထို့ပြင် ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့အဖြစ် သတ်မှတ်ကာ ၀တ်အသင်းအဖွဲ့များက ဓမ္မစကြာ တရားတော်မြတ်ကို ရွက်ဖတ်ပူဇော်ကန်တော့ခြင်း၊ ရဟန်းခံခြင်း၊ ၀ါဆိုသင်္ကန်းနှင့် ၀ါဆိုပန်းများကို ကပ်လှူပူ ဇော်ခြင်း၊ တရားဘာဝနာ ပွားများကျင့်ကြံအားထုတ်ခြင်း၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်ခြင်း စသည့် ကုသိုလ်ကောင်းမှုများကိုပြုလုပ်ပြီး လမြတ်ဝါဆိုကာလ၌ ဒါနရွှေအိုးမြှုပ်နှံခြင်း ကုသိုလ် မင်္ဂလာကို ပြုကြပေသည်။
ယနေ့သည် ၀ါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ဖြစ်သည်နှင့်အညီ အများပြည်သူ ရုံးပိတ်ရက်၊ အလုပ်ပိတ် ရက်၊ ကျောင်းပိတ်ရက်ဖြစ်၍  နေပြည်တော်ရှိ တန်ခိုးကြီးဘုရား စေတီများ၌ ၀ါဆိုသင်္ကန်းနှင့် ၀ါဆိုပန်းများ ကပ်လှူပူဇော်သူ၊ တရား ဘာဝနာ ပွားများကျင့်ကြံအားထုတ်သူ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်သူ များဖြင့် အထူးစည်ကားလျက်ရှိသည်
ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ၀ါဆိုရွှေကြာသင်္ကန်းကို အခမ်းအနားဖြင့် ကပ်လှူပူဇော် ခဲ့ရာ နေပြည်တော်နှင့် ပတ်ဝန်းကျင် မြို့နယ်၊ ကျေးရွာများမှ ဘုရားဖူးလာပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူ များ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်ကြသူများဖြင့် အထူးစည်ကားလျက်ရှိ သည်။
အလားတူ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ သတ္တသတ္တာဟမဟာဗောဓိစေတီ တော်ကြီးနှင့် “ဖွား၊ ပွင့်၊ ဟော၊ စံ” သံဝေဇနိယ (၄)ဌာန၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုဇယစေတီတော်နှင့် အဆိုပါစေတီ ပုရိဝုဏ်အတွင်းရှိ မဟာမုနိရုပ်ရှင်တော်မြတ် ကြီးတို့တွင်လည်း နေပြည်တော်နှင့် ပတ်ဝန်းကျင် မြို့နယ်၊ ကျေးရွာများမှ ဘုရားဖူး လာပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက် တည်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့အတူ ပျဉ်းမနားမြို့ရှိ ကိုးခန်းကြီးဘုရားနှင့်  လောကမာရဇိန်စေတီတော်မြတ် ကြီးတို့၌လည်း နံနက်ပိုင်းက ၀ါဆိုရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ပွဲ အခမ်းအနား များ ကျင်းပခဲ့ကြောင်းနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ညပိုင်းတွင်  ဥပ္ပါတသန္တိစေတီမြတ်တော်ကြီးဆီမီး(၉၀၀၀) ထွန်းညှိ ပူဇော်ပွဲများ ကျင်းပခဲ့ရာ ဘုရားပြည် သူများ ဖြင့် အထူးစည်ကားခဲ့သည်။


No comments:

Post a Comment