Friday, July 31, 2015

မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါးကားလမ်း မဲချောင်းကူးတံတား အသစ်ပြန် လည်ဆောက် လုပ်နိုင်ရေးစတင်

ဂန့်ဂေါ ဇူလိုင် ၃၁
ဂန့်ဂေါမြို့နယ်ဒေသတွင် မိုးများအဆက်မပြတ်ရွာသွန်းလျှက်ရှိရာ ဇူလိုင် ၂၃ ရက်က ဂန့်ဂေါမြို့နှင့် ၁၀ မိုင်ကျော်အကွာအဝေးရှိ မဲချောင်းကူးတံတားမှာ မဲချောင်းရေကြီးလာသဖြင့် နိမ့်ကျသွားရာ ယာဉ်ငယ်များသာ ဖြတ်သန်းနိုင်ပြီး ယာဉ်ကြီးများမှာ တံတားရှောင်ကွင်းလမ်းမှ ဖြတ်သန်းသွားလာခဲ့ရသည်။

အဆိုပါတံတားကို ပြန်လည်ပြုပြင်ဆောက်လုပ်နိုင်ရန်အတွက် ဇူလိုင် ၃၁ ရက်တွင် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက စတင်ဆောင်ရွက်လျှက်ရှိသည်။ လက်ရှိတွင် မဲချောင်းရေမှာ ရေအနက် ၆ ပေခန့်ရှိနေသဖြင့် ယာဉ်များဖြတ် သန်းနိုင်မှုမရှိဘဲ ဂန့်ဂေါဘက်တွင် မော်တော်ယာဉ် ၂၀ စီးနှင့် ခေါင်းတုံဘက် တွင် ၅၀ စီးတို့ ယာဉ်ကြောပိတ်ဆို့ လျှက်ရှိနေကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်ဦးစီးဌာန

No comments:

Post a Comment