Wednesday, July 29, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ် မစ္စ အင်ဂျလီနာ ဂျိုလီပစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံ





နေပြည်တော် ဇူလိုင် ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ် မစ္စ အင်ဂျ လီနာ ဂျိုလီပစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား  ယနေ့မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။





တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ၊  အမျိုးသမီးရေးရာကိစ္စရပ်များ၊ ပဋိပက္ခများအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင် ရာအကြမ်းဖက်မှုများ ပပျောက်ရေးလုပ်ငန်းများအား အတူတကွလက်တွဲ၍ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဥပဒေများရေးဆွဲဆောင်ရွက်နေမှု၊ ကလေးသူငယ်များအား အတန်းပညာနှင့် အသက် မွေးဝမ်း ကြောင်း ပညာရပ်များ သင်ကြားနိုင်ရေးဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးစိုးသိန်း၊ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယ၀န်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အင်ဒရူး ပက်ထရစ်လည်း တက်ရောက်သည်။

No comments:

Post a Comment