Wednesday, July 29, 2015

အားကောင်းသော မုန်တိုင်းငယ်သတင်း

အားကောင်းသော မုန်တိုင်းငယ် အခြေအနေ
(က)      ယနေ့ မြန်မာစံတော်ချိန် (၁၁:၃၀) နာရီ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့ မြောက်ပိုင်းတွင်း ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အားကောင်းသော မုန်တိုင်းငယ်အဖြစ် သို့ရောက်ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့၏ အနောက်-နောက်တောင်ဘက်မိုင် (၄၀) ခန့် စစ်တကောင်းမြို့၏ တောင် အနောက်တောင်ဘက်မိုင် (၇၀) ခန့် မြန်မာနိုင်ငံ မောင်တော မြို့၏ အနောက်မြောက်ဘက် (၆၅) မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက်မိုင် (၁၁၀) ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(ခ)        အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိ အခြေအနေမှာ လိမ္မော်ရောင်အဆင့်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေဒေသသို့ ဦးတည်၍ မြန်မာနိုင်ငံရခိုင်ကမ်းရိုးတမ်း မြောက်ပိုင်းစွန်းဒေသ အနီးမှ ရွေ့လျားနေသည့် အခြေအနေဖြစ်ပါသည်။
အားကောင်းသော မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟို ချက်လေဖိအားနှင့် လေတိုက်နှုန်း
(က)      အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၁၁:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု (၂၁.၃) ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု (၉၁.၃) ဒီဂရီတွင် ရှိပြီး ဗဟိုချက်လေဖိအား (၉၉၄) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅) မိုင်နှုန်းဖြစ်ပါသည်။
နောက် (၃၆) နာရီအတွင်းခန့်မှန်းချက်
(က)      အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် ယနေ့ မွန်းတည့်မှနောက် (၃၆) နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က)      အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရုတ်တရက်ရေကြီးခြင်းများ ဖြစ်ပေါ်မည်။
(ခ)        စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်းနှင့် ရုတ်တရက်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
(ဂ)        မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
အကြံပြုချက်

(က)      မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။

No comments:

Post a Comment