Wednesday, July 29, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ဗြိတိန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဟူဂိုဂျော့ ဝီလီယံဆွိုင်းနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်  ဇူလိုင် ၂၉           
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ဗြိတိန်နိုင်ငံ၊ နိုင်ငံခြား ရေးနှင့် ဓနသဟာယ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဟူဂိုဂျော့ ဝီလီယံဆွိုင်းနှင့်အဖွဲ့အား ဇူလိုင်၂၈ ရက်၊ မွန်းလွဲ ၁ နာရီက နေပြည်တော် ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မစ္စတာ ဟူဂိုဂျော့ ဝီလီယံဆွိုင်းက မဲစာရင်းအမှားများ နှင့်စပ်လျဉ်း ၍ ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲ တွင် ပြည်သူလူထုမှမဲပေးနိုင်သည့်အခြေအနေ၊ နိုင်ငံခြားရောက်သူများ မဲပေးနိုင်မှုအခြေအနေ၊ မဲဆန္ဒရှင်များ မဲစာရင်းကြည့် ရှုရေးနှင့် ရွေးကောက်ပွဲတွင် ပိုမိုပါဝင်လာရေး ဆောင်ရွက်ထားမှု၊ မဲဆန္ဒရှင် ပညာပေး ဆောင်ရွက်မှုအခြေအနေ၊ တပ်မတော် သားများအတွက် မဲရုံများဖွင့်လှစ်မည့်နေရာနှင့် မဲရုံသို့ ကိုယ်တိုင် လာရောက် မဲပေးရန်လို မလို၊ အရံရဲ ၂၀၀၀၀ ကျော် ခန့်အပ်ခြင်းက ရွေးကောက်ပွဲ လုံခြုံရေး အတွက် လုံလောက်မှု ရှိ မရှိ တို့အား မေးမြန်း သည်၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ပြေားကြားရာတွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွက် မှန်ကန်သောမဲစာရင်းရရန် အခြေခံမဲဆန္ဒရှင်စာရင်းပြုစု ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူလူထုအနေဖြင့် မဲစာရင်းမှန်ကန်ရေး အတွက် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် မဲစာရင်းကြည့်ရှုရန် ကာလကန့်သတ်ချက်အား ဇူလိုင်လ ၃၀ ရက်နေ့ ထိ ရွှေ့ဆိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ မဲဆန္ဒရှင်ပညာပေး အနေဖြင့် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ တို့မှ သီချင်း၊ ဇာတ်လမ်း၊ ဆောင်းပါးတို့ဖြင့် အသိပေးဆောင်ရွက်လျက်ရှိကြောင်း၊ တပ်တွင်းရှိ မဲရုံများသို့ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များ၊ မီဒီယာများ ဝင်ရောက် ခွင့်ပြုရန်နှင့် ဝင်ခွင့်မပြုနိုင်သော ဧရိယာများတွင် တပ်ပြင်ပ၌ မဲရုံဆောက်ရန် တပ်မတော် နှင့်ညှိနှိုင်း ထားပြီးဖြစ်ကြောင်း၊ တပ်မတော်သားများ အနေဖြင့် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူမှအပ ကိုယ်တိုင် မဲရုံတွင် မဲပေးရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲလုံခြုံရေးနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာနမှ လုပ်ငန်းစဉ်တစ်ခုခြင်းအလိုက် စီမံချက်များရေးဆွဲ ဆောင်ရွက်နေကြောင်း ရှင်းလင်း ပြောကြားပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment