Wednesday, July 1, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စင်ကာပူသမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး ၀န်ကြီးနှင့် ပြည်ထဲရေးဝန်ကြီး မစ္စတာ တိုချီဟန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၁
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စင်ကာပူသမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်၊ အမျိုးသား လုံခြုံရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး ၀န်ကြီးနှင့် ပြည်ထဲရေးဝန်ကြီး မစ္စတာ တိုချီဟန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား  ယနေ့နံနက် ၁၁နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။



တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ 

ထိုသို့လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးရဲထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် စင်ကာပူ သမ္မတနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာလည်း တက်ရောက်သည်။

No comments:

Post a Comment