Friday, July 31, 2015

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေလွှဲဆည်နှင့် ရေလှောင်တမံများတွင် အရေးပေါ်လုပ်ငန်းများ အသေးစိတ် စီမံဆောင်ရွက်လျက်ရှိ



နေပြည်တော် ဇူလိုင် ၃၁
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများတွင် မိုးရေချိန် စံချိန်သစ်များ ဖြင့် ထူးကဲစွာ မိုးရွာသွန်းခြင်း၊ ဆိုင်ကလုန်း မုန်တိုင်း (ကိုမန်) ၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရက်ဆက် ရွာသွန်းခြင်း များကြောင့် မုန်းချောင်း ရေလှောင်တမံနှင့် ကြီးအုံကြီးဝ ရေလှောင်တမံတို့တွင် အချိန်တိုအတွင်း ရေသိုလှောင် နိုင်မှု ပမာဏထက် ကျော် လွန်ပြီး ရေပိုလွှဲ များမှ ရေကျော်ကျ လျက်ရှိသည်။

သို့ပါ၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ ညွှန်ကြားရေမှူးချုပ်နှင့် တာဝန်ရှိသူ များ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးများ ပါဝင်သော အဖွဲ့သည် ဇူလိုင် (၂၉) ရက်နှင့် (၃၀)ရက် များတွင် မကွေးတိုင်းဒေသကြီး အတွင်းရှိ မုန်းချောင်းရေလှောင်တမံ၊ ကြီးအုံကြီးဝရေလှောင်တမံနှင့် မဲဇလီရေလွှဲ ဆည်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ရာ ရာသီဥတုအခြေအနေအရ မိုးဆက်လက်ရွာ သွန်းပြီး ထပ်မံရေ၀င် ရောက်နိုင်မည့် အခြေအနေ၊ ရေပိုလွဲ မှ ရေကျော်ကျ မှုအခြေအနေနှင့် အရေးပေါ်စီမံ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို အသေးစိတ်စီမံ ဆောင်ရွက်ခြင်း၊ လိုအပ်သည် များ ဖြည့်ဆည်း ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment