Monday, June 29, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် Mini Naadam ပွဲတော် ကြည့်ရှုအားပေး


အူလန်ဘာတာ - ဇွန် ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် မွန်ဂိုလီးယားသမ္မတ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ် နှင့် အဖွဲ့ဝင် များနှင့် အတူ ယနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် Chinggisyn Khuree ၌ ကျင်းပသည့် Mini Naadam ပွဲတော်ကို သွားရောက်ကြည့်ရှုအားပေးကြသည်။

ပထမဦးစွာ ယဉ်ကျေးမှုအဖွဲ့များက ဖျော်ဖြေတင်ဆက်ကြပြီးနောက် နပန်းပွဲ၊ မြားပစ်ပြိုင်ပွဲနှင့် မြင်းပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကြသည်။
အဆိုပါ Mini Naadam ပွဲတော်သည် မွန်ဂိုလီးယားနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာကပင် ကျင်းပခဲ့ခြင်းဖြစ်ကာ နပန်းပွဲများ၊ မြင်းပြိုင်ပွဲနှင့် မြားပစ်ပြိုင်ပွဲများကို အဓိကအသားပေးထည့်သွင်း ယှဉ်ပြိုင်စေခြင်းဖြစ် သည်။ ၂၀၁၀ ခုနှစ်တွင် အဆိုပါပွဲတော်အား သမိုင်းဝင် အထင်ကရရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုအဖြစ် ယူနက်စကိုက မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတ နှင့် မွန်ဂိုလီးယားသမ္မတတို့က မြားပစ်ပြိုင်ပွဲတွင် အနိုင်ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား မွန်ဂိုလီးယားသမ္မတ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ် က Ikh tenger complex ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

No comments:

Post a Comment