Sunday, June 28, 2015

ရန်ကုန်မြို့တွင် Green Area များတိုးချဲ့သွားမည်



ရန်ကုန် ဇွန် ၂၇
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး နယ်နိမိတ်အတွင်း စိမ်းလန်း စိုပြည်ပြီး သာယာလှစေရန် ဆောင် ရွက်လျက် ရှိရာ၂ဝ၁၅-၂ဝ၁၆ မိုးရာသီ သစ်ပင် စိုက်ပျိုးခြင်း လုပ်ငန်းများကို လာမည့် ဇူလိုင်လ ပထမပတ်မှ စတင် ဆောင်ရွက်ပြီးGreen Area များ တိုးချဲ့သွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာနမှ သိရသည်။

ထိုသို့ စိမ်းလန်းစိုပြည်ရေး အတွက် စိုက်ပျိုးရာတွင် ယခုနှစ် မိုးရာသီကာလ အတွင်း လှော်ကား စိုက်ခင်းဒေသ၌ အများဆုံးစိုက်ပျိုး သွားမည်ဖြစ်ပြီး မြို့နယ် များရှိ ကစား ကွင်းများနှင့် နေရာလပ်များ၊ လမ်း ဘေးဝဲယာများတွင် Green Area များ ပိုမိုတိုးပွားလာစေရေးအတွက် အရိပ်ရ အပင် ၃ဝ၇၅၁ ပင်၊ ပန်း အလှပင် ၆၂ဝ၊ ကျွန်းပင် ၂ဝဝဝဝဝ စုစုပေါင်း အပင် ၂၃၁၃၇၁ ပင် စိုက်ပျိုးသွား ရန် စီစဉ်ထားကြောင်း သိရသည်။
ရန်ကုန်မြို့ ရာသီဥတုပူပြင်းခြင်း မှ လျော့ပါးသက်သာစေရန် သစ်ပင် များ ပိုမိုစိုက်ပျိုးရန် လိုအပ်လျက် ရှိရာ မြို့တော်အတွင်း စိမ်းလန်း စိုပြည် သာယာ လှပရေးအတွက် နှစ်စဉ်သစ်ပင်များ ဖြည့်စွက်တိုးချဲ့ စိုက်ပျိုးရန် လိုအပ်လျက်ရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး နယ်နိမိတ်အတွင်း မြို့တွင်း၊ မြို့ပြင်၊ လမ်းဘေးဝဲယာများ၊ လှိုင် သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင် ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) စသည့် မြို့နယ်များ တွင်လည်း အရိပ်ရ အပင်များ၊ အကြမ်းခံအလှပန်းပင် များ၊ ထန်းပင်၊ ကျွန်းပင်များကို စိုက်ပျိုးလျက်ရှိသည်။
ထိုသို့ စိုက်ပျိုးရာတွင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ၂ဝ၁၁ ခုနှစ်တွင် အပင် မျိုးစုံ ၃ဝ၅၉၁၈ ပင်၊ ၂ဝ၁၂ ခုနှစ်တွင် အပင်မျိုးစုံ ၃၉၇ဝ၃၆ ပင်၊ ၂ဝ၁၃ ခုနှစ်တွင်အပင်မျိုးစုံ ၂၄၅၈ဝ၄ ပင် နှင့်၂ဝ၁၄ ခုနှစ်တွင် အပင်မျိုးစုံ ၃၄၃၆၁၃ ပင် စိုက်ပျိုးခဲ့ရာ လေးနှစ် အတွင်း အပင်ပေါင်း ၁၂၉၂၃၇၁ ပင် စိုက်ပျိုးခဲ့ပြီး ရေရှည်ရှင်သန်နိုင် ရန် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်း များလည်း ဆောင်ရွက်လျက် ရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးနယ်နိမိတ်အတွင်း စိမ်းလန်း ဧရိယာGreen Area များ တိုးပွား နိုင်ရန်လည်း ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်း-အာကာဟိန်း
ဓာတ်ပုံ-ကေဇင်လင်း

No comments:

Post a Comment