Sunday, June 28, 2015

မိတ္ထီလာ(မြောက်)ကန် ပြန် လည်တူးဖော် ရာမှ တွေ့ရှိသည့် ဗုံးအား ဖောက်ခွဲဖျက်ဆီး



မိတ္ထီလာ ဇွန် ၂၇
မိတ္ထီလာ(မြောက်)ကန် ပြန် လည်တူးဖော်ရာမှ ဇွန်၂၃ ရက် ညနေ ၆ နာရီခွဲက တွေ့ရှိသည့် ငါးလုံး မြောက်ဗုံးကို ဇွန် ၂၇ ရက် မွန်းလွဲ ၁ နာရီက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးသည် အရှည် သုံးပေ ငါးလက်မ၊ လုံးပတ် နှစ်ပေ ပတ်လည် ရှိပြီး နယ်မြေခံတပ်မှ ဒုတိယတပ်မမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က ကြီးကြပ်၍ နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာ တပ်တို့က အဆိုပါဗုံး စတင်တွေ့ရှိရာ ဝန်ဇင်းရပ်ကွက် ကျောက်တံခါးကွေ့ မှ မြို့နေပြည်သူများနှင့် အန္တရာယ် လွတ်ကင်း သည့် ဖောက်ခွဲဖျက်ဆီး မည့်နေရာသို့ ဝန်တင်စက်ကြီးဖြင့် သယ်ယူပြီး အန္တရာယ်ကင်းစွာ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရ သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments:

Post a Comment