Friday, June 26, 2015

မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက်ကျင်းပလျက်ရှိ


နေပြည်တော် ဇွန် ၂၆

 (၅၂)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိပြီး ဇူလိုင် ၆ ရက်ထိ ကျင်းပသွားမည်ဖြစ်သည်။


ပြည်တွင်းပြည်ပ ကျောက်မျက်ရတနာကုန်သည်များသည် သတ်မှတ်နေရာများ၌ ခင်းကျင်းပြသထားသည့် မြန်မာ့ကျောက်စိမ်းများနှင့် ကျောက်မျက်ရတနာများကို လွတ်လပ်စွာ ကြည့်ရှုလေ့လာကြပြီး ကျောက်စိမ်းတင်ဒါပုံးများအတွင်း အဆိုပြုလွှာများ တင်သွင်းကြသည်။


ယခု (၅၂) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်း အတွဲ ပေါင်း ၈၉၄၃တွဲ၊ ကျောက်မျက်ရတနာအတွဲပေါင်း ၃၂၃တွဲကို ခင်းကျင်းပြသထားပြီး ဈေးပြိုင်စနစ်၊ တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment