Sunday, June 28, 2015

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှု အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်

နေပြည်တော် ဇွန် ၂၇
မြန်မာနိုင်ငံသည် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ တရုတ်၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ ကနေဒါ၊ ဂျပန်၊ ကိုရီးယား စသည့်နိုင်ငံများနှင့် သဘော တူညီမှု ရရှိ ထားသည်။

ထိုသို့ သဘောတူညီမှုရရှိထားသည့် နိုင်ငံများထဲမှ အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုများတွင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၂၈ ဒသမ ၉၇ သန်း၊ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် ၁၂၈၉ ဒသမ ၈ သန်း၊ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ၁ဝ၁၇ ဒသမ ၆၇ သန်း၊ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၈၁ ဒသမ ၁၅ သန်း၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၁၂ ဒသမ ၆၉ သန်းရှိကြောင်း သိရသည်။
ထို့အတူ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ၂ဝဝ၈ -၂ဝဝ၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၂၁ ဒသမ ၆၄ သန်း၊ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ဝ၇ ဒသမ ၉၇ သန်း၊ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် ၃၂ဝ ဒသမ ၆၂ သန်း၊ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် အမေရိ ကန်ဒေါ်လာ ၅၄၅ ဒသမ ၁၈ သန်းနှင့် ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၄၄ ဒသမ ၆၆ သန်း ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့တင်ပို့သည့် အဓိကပို့ကုန်များတွင် သံ၊ အလူမီနီယံနှင့် ပြုလုပ်ထားသော ပစ္စည်း ကိရိယာများ၊ စက်မှုလုပ်ငန်းသုံးဆိုင် ရာပစ္စည်းကိရိယာများ၊ အအေးခန်းသုံးပစ္စည်း ကိရိယာများ၊ စက်ဘီးနှင့် စက်ဘီးအစိတ်အပိုင်းများ ပါဝင်ကြောင်း သိရသည်။
''မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အတူ တိုးတက်လာတဲ့ လူမှုစီးပွားရေးအခြေအနေတွေကြောင့် ရင်းနှီး မြှုပ်နှံဖို့ အခြေအနေကောင်းတွေ ဖြစ်ပေါ်နေပါပြီ။ ဒါ့ပြင် ကုန်သွယ်မှုဆိုင်ရာ အခွန်များနဲ့ ဘဏ် စနစ်စတာတွေ ဟာလည်း ပြောင်းလဲ တိုးတက်လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေလည်း ပြဋ္ဌာန်းပြီးဖြစ်တဲ့ အတွက် ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာကောင်းတဲ့ အာရှရဲ့ ကြယ်တစ်ပွင့်ဖြစ် တယ်''ဟု အိန္ဒိယနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေး အဖွဲ့(EEPC)မှ ဥက္ကဋ္ဌ ANUPAM SHAH က ပြောကြားသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံကြား ကုန်သွယ်မှု သဘောတူစာချုပ်ကို ၁၉၉၄ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ပြီး ယခုအခါ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်း ဆောင်ရွက် မှု ၁၂ ခုရှိကြောင်း သိရှိရသည်။
(ဟန်နီဝင်း)

No comments:

Post a Comment