Sunday, June 28, 2015

မန္တလေးမြို့ရှိ စိတ္တရမဟီ ဝန်ထမ်းအိမ်ရာ နေထိုင်ခွင့် ရသူများအား အိမ်ခန်းသော့ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ



မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်ရှိ စိတ္တရမဟီ ဝန်ထမ်းအိမ်ရာ တွင် နေထိုင်ခွင့် ရသူများအား အိမ်ခန်း သော့ပေး အပ်ခြင်း အခမ်းအနားကိုဇွန် ၂၆ ရက်က ၂၆x ၂၇လမ်းနှင့် ၇၃x၇၄ ကြားရှိအဆိုပါအိမ်ရာတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေး ဝန်ကြီးဦးကျော်ဆန်း က နိုင်ငံတော်အစိုးရမှနေရာ ဒေသ အသီးသီး တွင် ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများ နေရေးအတွက် အခက်အခဲမရှိစေဘဲ သက်သာချောင် ချိစွာ နေထိုင်ရင်း လုပ်ငန်းတာဝန်များကို အေးချမ်းစွာ ထမ်းဆောင် နိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းအိမ်ရာများကို တည်ဆောက်ပေး လျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့်လည်း တိုင်းဒေသ ကြီးအတွင်း လာရောက်အမှုထမ်းနေကြသောဝန်ထမ်းများ နေထိုင်ရေး အခက်အခဲမရှိစေရန် ၂ဝ၁၂-၂ဝ၁၃ခုနှစ်မှ စ၍ဘဏ္ဍာငွေများ လျာထားသတ်မှတ်ကာ ဝန်ထမ်းအိမ်ရာ၊ တန်ဖိုးနည်း အိမ်ရာနှင့် တန်ဖိုးမျှတအိမ်ရာများ တည်ဆောက် ပေးလျက်ရှိသဖြင့် ဝန်ထမ်းအိမ်ရာတွင် နေထိုင်ကြသူ များကလည်း စနစ်တကျသန့်ရှင်း သပ်ရပ်စွာနေထိုင်သွား ကြစေလိုကြောင်း တိုက်တွန်းပြောကြား ခဲ့သည်။
ထို့နောက် စိတ္တရမဟီအိမ်ရာ စီမံကိန်းတည်ဆောက် ခွင့်ရကုမ္ပဏီငါးခုမှ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်း ဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးထံသို့ အိမ် ခန်းသော့များပေးအပ်ခဲ့သည်။ အဆိုပါ အိမ်ရာ စီမံကိန်းအား ၂ဝ၁၄ ခုနှစ် မတ် ၂၃ ရက်ကစတင်၍ ဆောက်လုပ်ခွင့်ရ ကုမ္ပဏီငါးခုမှ တည်ဆောက် ပေးခြင်း ဖြစ်ပြီး တစ်နှစ်နှင့် သုံးလအတွင်း ပြီးစီးအောင် ကြိုးစားတည်ဆောက်နိုင်ခဲ့ကာ၂ဝ၁၅ခုနှစ် ဇွန် ၁၆ ရက်တွင် မဲစနစ်ဖြင့်နေရာချထားပေးခဲ့သည်။ ထိုစီမံကိန်းတွင် ဝန်ထမ်းအိမ်ရာအဆောက်အအုံ ငါးလုံး၊ ဌာနနှင့် အကျိုးတူတည်ဆောက်သည့် Show Room တစ်လုံး၊ Admin တစ်လုံး၊ Condo ခြောက်လုံး စုစုပေါင်း
အဆောက်အအုံ ၁၃ လုံးတည်ဆောက်လျက်ရှိသည်။
ဝန်ထမ်းများနေထိုင်ခွင့်ရရှိသည့်အိမ်ခန်းများသည် တစ်ခန်းလျှင် ၆၂၅ စတုရန်းပေကျယ်ဝန်းပြီး အခန်းပေါင်း ၁၄၄ခန်းရှိကာ ဝန်ကြီးဌာန၂၃ခုမှဝန်ထမ်းများနေထိုင် ရန်အတွက် အခန်းပေါင်း ၁၃၂ ခန်းအား နေရာချထားပေး ခဲ့ပြီး ကျန် ၁၂ခန်းအား အရန်အခန်းအဖြစ်ထားရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment