လင်းခေး
ဇွန် ၂၅
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် လင်းခေးမြို့ရှိ
မြို့အဝင် မြို့ပတ်လမ်းတွင်ရှိသော သစ်သားတံတားမှာ ချောင်းရေတိုက် စားမှုကြောင့် မေလ
ဒုတိယပတ်က တံတား ကွေးညွတ်ခဲ့ပြီး ဇွန် ၁၇ ရက်က ကျိုးကျပျက်စီးခဲ့သဖြင့် အဆိုပါ တံတားကို
အားကိုး အားထား ပြုနေသော ခရီးသည်ယာဉ်နှင့် ကုန်တင် ယာဉ်များ မြို့တွင်းလမ်းကျဉ်းမှ
ကွေ့ပတ်၍ သွားလာရသောကြောင့် အခက်အခဲ ကြုံတွေ့ရသည်။
ယင်းတံတားမှ ဖြတ်သန်းသွား လာသော ကျောင်းသား
ကျောင်းသူ များလည်း အဆိုပါတံတား ပျက်စီး နေမှုကြောင့် မြို့တွင်းလမ်းမှ ကွေ့ပတ် ၍သွားလာလျက်ရှိကြောင်းသိရသည်။
''မိုးစရွာတဲ့ မေ ၁၅ ရက်က တောင်ကျချောင်းရေ
တော်တော်စီး တယ်။ အဲ့ဒီတံတား ကွေးညွတ်ကျ သွားတော့ ယာဉ်တွေဖြတ်လို့မရဘူး။ဆိုင်ကယ်နဲ့
ကျောင်းသားအချို့က စက်ဘီးနဲ့ဖြတ်နေလို့ အန္တရာယ်ရှိ တယ်လို့ အမြဲလှမ်းအော်နေရတယ်။ ဇွန်
၁၇ ရက် ညနေ ၃နာရီကျော်မှာ ကွေးညွတ်နေတဲ့ တံတားက ဝုန်းခနဲ ပြိုကျသွားလို့ တံတားနားမှာ
ရှိတဲ့ လူတွေလန့်ကုန်တယ်။ တံတား မကွေးညွတ်ခင် တစ်ရက်က ဘက်ဟိုး တင်ထားတဲ့ ယာဉ်တစ်စီး
ဖြတ်သွားတယ်။ တံတားခံနိုင်ဝန်အား နည်းလာတာရယ်၊ ယာဉ်ကြီးတွေ ဖြတ်သန်းမှု များလာတာကြောင့်
တံတား ကျိုးကျသွားတာ ဖြစ်မယ်။ ဒီလမ်းက မြို့ကွင်းလမ်း ဖြစ်တဲ့အတွက် မိုင်းပန်၊ မိုင်တုံ၊
မိုင်းဆတ်ကို ဖြတ်သွားတဲ့ ယာဉ်ကြီး၊ ယာဉ်ငယ်တွေ အများဆုံး သွားကြတာပါ''ဟု အဆိုပါတံတား
အနီးရှိ နေထိုင်သူတစ်ဦးက ပြောသည်။
အဆိုပါ မြို့ပတ်လမ်းတံတား ကို ၂ဝဝ၁ ခုနှစ် ဩဂုတ်လ
၂၆ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး အောက်တိုဘာလ ၃ဝ ရက်နေ့တွင် ပြီးစီးခဲ့သည်။
အဆိုပါ တံတားမှာ အရှည်ပေ ၆ဝ၊ လမ်းအရှည် လေးဖာလုံရှိသော
မြို့ပတ်လမ်း သစ်သားတံတားကို တည်ဆောက်ခဲ့မှုကြောင့် တောင်ပေါ် မြို့များ၏ ကုန်စည်စီးဆင်းမှုနှင့်
ခရီးသွားလာမှုကို များစွာအထောက် အကူဖြစ်စေခဲ့ပြီး ယခုအခါ တစ်လ ကျော်ကြာ တံတားကျိုးကျပျက်စီးမှု
ကြောင့် လမ်းကျဉ်းသော မြို့တွင်း လမ်းမှ ၁၂ ဘီးယာဉ်များ ဖြတ်သန်း လျက်ရှိရာ မြို့ခံပြည်သူတို့
သွားလာမှု အခက်အခဲ ဖြစ်ပေါ်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများ အတွက်လည်း ယာဉ်အန္တရာယ်
စိုးရိမ်နေရကြောင်း၊ မြို့ပတ်လမ်း တံတားကို မိုးများသော ဇူလိုင်လမတိုင်မီ အမြန်ပြုပြင်ရန်
မြို့ခံပြည်သူတို့ လိုလားလျက် ရှိကြောင်း သိရ သည်။
သန်းထိုက်(လှိုင်သာယာ)
No comments:
Post a Comment