အူလန်ဘာတာ - ဇွန် ၂၈
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်သည် မွန်ဂိုးလီးယားနိုင်ငံ သမ္မတ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ်၏
ဖိတ်ကြားချက် အရ မွန်ဂိုလီးယား နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးသွား ရောက်ရန်
အဖွဲ့ဝင်များနှင့် အတူ ယနေ့ မွန်းတည့် ၁၂ နာရီက နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး
မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများ က နေပြည်တော် လေဆိပ်၌ ပို့ဆောင်နှုတ်
ဆက်ကြသည်။
နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ ဦးရဲထွဋ်၊
ဒေါက်တာမြင့်အောင်၊ ဒေါက်တာ ကံဇော်၊ ဦးဌေးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးသာအေး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင် မောင်အုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ်
ကိုကိုနိုင်၊ နေပြည်တော်ကောင်စီဝင် ဦးကံချွန် တို့နှင့်အတူ မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့သို့
ဒေသစံတော်ချိန် ည ၇ နာရီခွဲခန့် တွင် ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား မွန်ဂိုလီးယားနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီး H.E. Mr. L
Purevsuren ၊ မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားသံအမတ်ကြီး H.E.
Mr. Ch. Battumur ၊ မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊
အာရှ - အရှေ့အလယ် ပိုင်းနှင့် အာဖရိကဌာန ညွန်ကြားရေးမှူး Mr. N. Naranbat ၊ သံတမန်ရေးရာဌာန
ညွှန်ကြားရေးမှူး Mr. D. Byambadorj နှင့် တာဝန်ရှိသူများက မွန်ဂိုလီးယား နိုင်ငံ Chinggis Khan အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ
သည်။
ထို့နောက် နိုင်ငံတော် သမ္မတနှင့်အဖွဲ့သည်
ခေတ္တတည်းခိုမည့် Best Western Premier ဟိုတယ်သို့ မော်တော် ယာဉ်များဖြင့် ရောက်ရှိကြသည်။
No comments:
Post a Comment